Unicode
အပူတစ်ပြင်းနဲ့ အိပ်မရစားမရအဆုံး နောက်တစ်နေ့မိုးလင်းသွားကြတယ်
ထွန်းတောက် တိုးကျော်နဲ့ အေးချမ်းရိပ်မိဘများးဟာလဲ ဘယ်လိုမှ မအိပ်နိုင်မစားနိုင်နဲ့ ရလာမယ့်သီတင်းကိုသာနားစွင့်နေရတယ်
"တိုးကျော် ရဲမှူးကြီးဆီက ဘာသီတင်းရသေးလဲ "
"အခုထိတော့ မရသေးဘူး အကိုလေးရ "
ထွန်းတောက် နားထောင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတွေသာကုတ်နေတော့တယ်
"တူ .....တူ....." ထိုချိန်ဖုန်းတစ်ကော တိုးကျော်ဆီဝင်လာတော့တယ်
"ဟယ်လို"
"$#$@##@#"
"အင်း ဘယ်မှာလဲ "
"@#$@#@$$"
"ကောင်းပြီ အကိုလေးကိုပြောလိုက်မယ် ဆက်စုံစမ်းထား"
"@#$@$@#"
"အင်း"
"ဘယ်သူလဲ တိုးကျော် "
"မနေ့က ဦးလေးနဲ့အဒေါ်ကို ညဘက်ကြီး ဦးလေးက အထုတ်တစ်ထုတ်ထမ်းပြီး ထွက်သွားတာတွေ့တယ်တဲ့ "
"အာ့တာဘယ်မှာလဲ"
"မြောက်မြို့စွန် ဘက် ထွက်သွားတယ်တဲ့"
"အိတ်နဲ့ ညဘက်ကြီး ထမ်းသွားတယ်ဆိုတော့ ဒါဆို "
"ဟုတ်တယ် အကိုလေး သေချာတယ် ဆရာလေး "
"အဲ့တာဆို အခုလိုက်ရှာတော့မယ်လေ ဘာလုပ်နေမှာလဲ " ဆိုကာ ထွန်းတောက်ထပြီး ကားပေါ်တက်ကာ သွားတော့တယ် ထွန်းတောက်က ကားတစ်စီး တိုးကျော်နဲ့ အေးချမ်းရိပ်မိဘတွေက ကားတစ်စီး သွားကြတော့တယ်
"တူ ...တူ...."တိုးကျော်ဆီဖုန်းဝင်လာတယ်
"ဟယ်လို "
📞 ကို ကောင်းလေးပါ
"အင်း ကောင်းလေးပြော ကိုဆရာလေး သတင်းရလို့ မြို့ မြောက်ဘက်ကိုသွားနေတယ်"
📞မဟုတ်ဘူး မသွားနဲ့ ကို အခု ရွာရဲ့ဟိုးနေ့က ဆရာလေး အဖမ်းခံရတဲ့နေရာမှာ ကို ရွာကသူတွေ နဲ့ တွေ့တာ အဘက သိနေတော့ ရွာသားတွေ အကုန်ပြောထားလို့ ရွာကသူတွေလည်းရှာနေရင်း အဝေးတစ်နေရာကနေ ကို ပြထားတဲ့ ပုံထဲက သူနှစ်ယောက်ရယ် နောက်လိုက် ၃ ယောက်လောက်ရယ် တောထဲ က တဲဘက် ထွက်သွားတယ်ပြောတယ် အခုသတင်းရရခြင်း အဘက ဖုန်းဆက်လာလို့ ကို့ကိုပြောတာ
YOU ARE READING
မေတ္တာအနစ်နာ ( Completed)
General FictionUni လူတွေအပေါ်အားနာတက်တဲ့ မိဘအလိုကျ ညည်းထွားမှုမရှိ အကုန်လုပ်ပေးတဲ့မာမားboy လေးတဖြစ် ငယ်စဉ်ကတည်းက ပရဟိတစာသင်သည့်အလုပ်ကို ဝါသနာပါပြီး ပရဟိတအရင်းခံ စေတနာလှသည့်ဆရာလေးတဖြစ် မိဘသဘောတူသည့် အိမ်ထောင်ဖက်ကိုမလိုခြင်လို့အိမ်မှထွက်ပြီးမတည်ငြိမ်သည့်ရွာကလေးမှာ ဆ...