Episode 30

3.2K 166 11
                                    

Unicode

ဂုဏ်ရည်လွမ်းအိမ်ရောက်တော့ မှိုရထားတဲ့ မျက်နာလို ပြုံးပျော်ရွှင်နေတော့တယ် အလုပ်သမားတွေကလဲ သူတို့သူဌေးပြုံးပျော်နေတော့ သူတို့အတွက်အနေချောင်တာမို့ သူဌေးကို သွားမနှောင့်ရှက်ရဲ

အခန်းထဲဝင်ပြီးမကြာတော့

"တီတီ hello အမိန့်ရှိပါ"ဖုန်းနံပါတ်မကြည့်ဘဲ ပြောလိုက်တယ်

📞ဟယ်လို ဂုဏ်လား

ဖုန်းနံပါတ်ပြန်ကြည့်မှ သူ့ရဲ့ လူကြီးကလေး ဖြစ်နေတော့ မြန်မြန်ထပြီး

"ဟယ်လို လူကြီးကလေး ဘာဖြစ်လို့လဲ "

📞ဘာမှမဖြစ်ပါဘူး ဂုဏ် အိမ်ပြန်တာ အဖော်ကမပါဘူးလေး ပြန်တော့ ကားနဲ့ဆိုတော့ အိမ်ပြန်တာ ချောချောခြူခြူရောက်ရဲ့လားလို့ စိုးရိမ်လို့ဆက်တာ အခြားအကြောင်းမရှိပါဘူး

"ဪ ဟုတ်လား လူကြီးကလေးက ကျွန်တော့ကို စိုးရိမ်တာပေါ့ "

📞အေးပေါ့ စိုးရိမ်တာပေါ့ အကို့အိမ်ကပြန်သွားတာ အိမ်ကောင်းကောင်းပြန်ရောက်လား မရောက်လား သိချင်တာပေါ့ တော်ကြာ လမ်းမှာ တစ်ခုခုဖြစ်နေမှ ဒုက္ခရောက်ကုန်ဦးမယ်

"အင်းပါ ဘာမှမဖြစ်ပါဘူး "

📞ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်နော်

"အာရပါတယ် ကျွန်တော် လဲ ကုသိုလ်ရတာပေါ့

📞အင်း ဒါဆိုလဲ အကိုဘုရားရှိခိုးတော့မယ် ဘာမှမဖြစ်လဲပြီးရောလေ

"ဟုတ်ကဲ့ လူကြီးကလေး good night"

📞Good night ဂုဏ်

ဖုန်းပြောပြီး ချလိုက်တော့တယ်

ထွန်းတောက်တစ်ယောက် ဖုန်းချတာတောင် ဖုန်းကို သွားဖြည်းပြီးကြည့်နေသေးတယ် ထိုအချိန် တံခါးခေါက်သံကြားတော့

"ဘယ်သူလဲ ဝင်လာခဲ့လိုက်"

"တိုးကျော်ဘာကိစ္စ"

"အကိုလေး ပြန်လာတော့ ကျွန်တော့ကို ခေါ်တယ်ဆိုလို့"

"ဪ အင်း ဟုတ်တယ် ဘာပြောမလို့ပါလိမ့် မေ့သွားတယ် ဪ ဟုတ်ပြီ ဒီနေ့ဆေးရုံသွားခဲ့တယ် ဆေးရုံမှာ ဆရာလေး အေးချမ်းရိပ် မွေးပေးတဲ့ လူနာရှိတယ် သူတို့ ရွာကဘဲ အဲ့မိသားစုကို ကလေးနို့လွတ်တဲ့ အထိ ထောက်ပံ့ဖို့ ဆေးရုံစရိတ်ကိုလဲ ငါတို့ဘဲ အကုန်ကျခံ မယ် ဒါပြောမလို့ ကျန်တာမင်းစီစဉ်လိုက် လိုအပ်တာတွေ  လိုအပ်ရင် မင်းလူတတစ်ယောက်ခေါ်လိုက် ကလေးကိစ္စအတွက်"

မေတ္တာအနစ်နာ ( Completed)Donde viven las historias. Descúbrelo ahora