Episode 64

1.8K 91 0
                                    

Unicode

တစ်အောင့်နေတော့ အေးချမ်းရိပ် စာရွက်လေးတစ်ရွက်နဲ့ ဘောပင်လေးကိုင်ကာ လိုချင်တာတွေကို စဥ်းစားလိုက် ချရေးလိုက်နဲ့ ချရေးနေတယ် တော်တော်လေးကြာတော့ စာမျက်နှာအပြည့် ရေးထားတဲ့ စာရွက်လေးကို ထွန်းတောက်ဆီပေးလိုက်တယ်

"မောင်ရော့ ရပြီ " ပြောကာပေးလိုက်တော့ ထွန်းတောက်ယူပြီး ဖက်ကြည့်လိုက်တယ် စားစရာက ၃ချိုး ၂ ချိုး ကျန်တာက အခြားဟာ အေးချမ်းရိပ်ကို သူသိတယ် မုန့်အရမ်းစားမှန်း ရွာမှာနေတုံးက ဝယ်ထားတဲ့ မုန့်တွေနဲ့ သူကိုဧည့်ခံတာ

"ငယ် ပျော့ပျော့ အိအိကဘာလဲ "

"ဪ ဟိုဂာလေ ဂျယ်လီလိုမျိုး ပျော့ပျော့လေး သကြားကပ်ထားတယ် ဘာခေါ်လဲမသိလို့  "

"ဪ သိပြီ မောင်လဲကြိုက်တယ် "

"ဟုတ်လား ဒါဆို ပိုမှာလိုက် အများကြီးစားလို့ရအောင် "

"အင်း မျက်နှာ သစ်ဆေး က အတုတွေဖြစ်ဦးမယ် ဘယ်မှာ ဝယ်ခိုင်းမှာလဲ ငယ်"

"BEAUTY DAIRY မှာ ဝယ် ပစ္စည်းမှန်တယ် Cosmetics ‌တွေကို "

"ငယ် ငယ်မှာတဲ့ cosmetics တွေက ကလေးအသုံးဆောင်တွေလိုဘဲ "

"အင်း ဓာတ်မတည့်မှာစိုးလို့ အရေပြားက နုလို့လေ ဒါ့ကြောင့် ကလေး တွေသုံးတဲ့ cosmetics ဘဲ သုံးတာ ဒီမှာ baby mind တောင်ပါသေးတယ်"စာရွက်ကို လက်ညှိုးထိုးပြတော့

"ဘုရားရေ တကယ်ကြီးဟ ငယ့်အသားအရေက အရမ်းနုနေတာ ဒါ့ကြောင့်ကိုး မောင်မှတ်ထားရမယ် ကိုယ့်ယောင်္ကျား အကြောင်း"

"ဘာဖြစ်နေမှန်းမသိဘူး ဗိုက်က ခဏခဏစာနေတယ် စားပြီးတာ မကြာသေးဘူး ထပ်စားချင်နေတယ် ဘယ်လိုလုပ်ရမလဲ "

"ပန်းသီးစားမလား သူက အစာခံတယ် "

"ဟုတ်လား စားမယ် "

ပန်းသီးပန်းကန်လေး လာချပေးတော့ စားတာမှ ပြောမနေနဲ့ တစ်ယောက်တည်းစားတာ ကုန်သွားတော့တယ်

တကယ်တော့ သောက်တဲ့ဆေးထဲမှာ အားရှိအောင် အားပြည့်အောင် အစာစားချင်စိတ်ကို ဖြစ်စေတဲ့ဆေးတွေပါ‌နေတာမို့ သူစားပြီးရင်း စားချင်နေတာ

မေတ္တာအနစ်နာ ( Completed)Tahanan ng mga kuwento. Tumuklas ngayon