Episode 16

3.9K 211 3
                                    

Unicode

တိုးကျော်လဲ အကိုလေးတာဝန်ပေးထားတဲ့ အလုပ်ကို စလုပ်တော့တယ် နွားခြံကိစ္စက အဆင်ပြေပေမယ့် အကိုလေးပြောတဲ့ ခြံဆောက်ဖို့ မြေနေရာ နဲ့ စက်ရုံပါဆောက်ဖို့ မြေနေရာရွေးရတယ် နွားခြံနဲ့ စက်ရုံ အတော်အသင့်နီးပြီး အဆင်‌ပြေ အောင်လဲရွေးရတယ် နို့ညစ်ဖို့ စက်တွေ လှမ်းမှာရတယ် အကောင် ၂၀၀ စာနို့ညစ်ဖို့ အလုံးနှစ်ဆယ် ပေါင်းခံစက် ပိုးသက်စက် ဘွိုင်လာ tank များ ဘူးခွံထုတ်စက်များ တံဆိပ်ကပ် စက်များ packaging စက်များ အသင့်သောက်နို့ဘူးထုတ်စက်များ ဒိန်ချဉ်ဖောက်ဖို့ ကန်များထုတ်ပိုးမယ့်စက်များ နို့ဆီဆပ်မယ့် ကန်များ စက်များ အစရှိသည်တို့ကို မှာယူရတော့တယ်

နောက်နေ့မနက်ကြတော့ အကိုလေးစုံစမ်းခိုင်းထားတဲ့ ဆရာလေးဆိုသူရဲ့အကြောင်းကို စုံစမ်းရန် ကုန်တင်ကုန်ချ‌နေရာတွင် အလုပ်လုပ်‌နေသော မောင်ကောင်းဆိုသူ ထံသွားပြီး သိချင်တာမေးမြန်းလိုက်တယ် ဖြစ်ချင်တော့ မောင်ကောင်းက တိတိကျကျမသိ အသက် အလုပ်အကိုင် ဝါသနာ နဲ့ အခုလက်ရှိအလုပ်ဘဲသိရတယ်မိသားစုအကြောင်းမသိရခဲ့...
မောင်ကောင်းပြောသလောက်ကတော့ သူက ရန်ကုန်ကလာတာ ဆရာဝန် ပရဟိတလဲလုပ်တယ် အခုလာတာကလဲ ဖောင်ဒေးရှင်းတစ်ခုကနေ ချိတ်ဆက်ပြီးလာတာ အခုလာတာက စာသင်ဖို့လာတာ သို့ပေမယ့် ဆရာဝန်ဖြစ်နေတော့ ဆေးကုဖို့ပါပူးတွဲလုပ်ဆောင်တယ်ဆိုတဲ့အကြောင်း သူ့အကြောင်းသိချင်ရင်တော့ ဖောင်ဒေးရှင်းမှတစ်ဆင့် စုံစမ်းမှရမှာမို့ ဖောင်ဒေးရှင်းကို ဆက်သွယ်ရပြန်တယ် ဖောင်ဒေးရှင်းမှတစ်ဆင့် လိပ်စာရတော့ ရန်ကုန်က အလုပ်ခွဲတွေဆီက တာဝန်ရှိတဲ့သူတွေကို စုံစမ်းဖို့ ခိုင်းလိုက်တယ် ထိုသူနဲ့ တွေ့တွေ့ချင်းနေ့မှ သုံးရက်အမြာက်သောနေ့မှ မိမိသိရှိလိုသော အချက်များကို သိရှိသွားတော့တယ်....

အေးချမ်းရိပ် ရွာကိုပြန်ရောက်လာတော့ ပစ္စည်းများကိုချ ပြီးတော့ မောင်ကောင်းက လှည်းသိမ်းပြီး မိမိအားကူရန်ပြန်လာခဲ့တော့ ပထမဆုံး ကောဇောကို မိမိနေသော အိမ်ကို ရှေ့မှနောက် အပြည့်ခင်းလိုက်တယ် ဟောခန်းသဘောမျိုး ဒိုးယိုပေါက် အိမ်ဖြစ်တော့ ကောဇောခင်းရတာလွယ်တယ် မိမိဝယ်လာသော ဆောင် ခေါင်းဦး မှို့ယာ ခွခေါင်းဦး ခြင်ထောင်တို့ကို မိမိအိပ်မယ့် အနောက်ဘက်ချမ်း နေရာလေးမှာ ပြင်ဆင်ထားလိုက်တယ် အိမ်ရှေ့ဘက်ချမ်းမှာတော့ လူနာတွေလာရင် စမ်းသပ်ရအောင် မောင်ကောင်းတို့ ယူပေးထားတဲ့အဘအိမ်က ခေါင်းအုန်းလေးနဲ့ ဆောင်လေး ကို သေသေသပ်သပ် လုပ်ထားလိုက်တယ်မိမိအိပ်မယ့်နေရာနဲ့ အိမ်ရှေ့ခန်းကို ရန်ကုန်မှ လိုလိုပိုပို ထည့်လာတဲ့ လိုက်ကာစ မိုးပြာရောင်လေး ကို ပလက်စတစ် ကြိုးစနဲ့ ချီပြီးအခန်းသဘောမျိုး ဖွဲ့လိုက်တော့ အိမ်နောက်ဘက်ကို တိုက်ရိုက်မမြင်ရတော့ အိမ်လေးက နေချင်စဖွယ်လေး ဖြစ်သွားတော့တယ်...

မေတ္တာအနစ်နာ ( Completed)Onde histórias criam vida. Descubra agora