Unicode
ထမင်းစားခန်းရောက်တော့ စွပ်ပြုပ် သောက်တာကိုထိုင်စောင့်ပေးရင်း သူတစ်ယောက်တည်း စားနေရမှာ စိတ်မကောင်းဖြစ်မှာစိုးလို့ သူပါ စွပ်ပြုပ်တစ်ပန်းကန် ဝင်သောက်ဖြစ်သွားတယ်
"ငယ် မောင် နဲ့ တူတူသောက်မယ် တစ်ယောက်တည်းဆို ပျင်းနေမှာပေါ့ မောင်လဲ စွက်ပြုပ်မြင်တော့ သောက်ချင်နေတာ"
"အင်း ဒါဆို သောက်မယ်လေတူတူ "
"အင်းသောက်ကြမယ် "ဆိုကာ စွပ်ပြုပ်ပန်းကန်တစ်ယောက်တစ်ခွက် ဆွဲကာ ခပ်ထည့်ပြီး သောက်ကြတော့တယ် သောက်ပြီးတော့ နို့တစ်ခွက် ကြက်ဥတစ်လုံး စားကာ နှစ်ယောက်တူတူ အပေါ် ပြန်တက်သွားတော့တယ်
"ပြန်အိပ်မလား ငယ်"
"ဟင့်အင်း မအိပ်ချင်သေးဘူးစောနကမှ နိုးလာတာမို့လို့ မောင်အိပ်ချင်ရင်အိပ်လေ အိပ်ချင်တဲ့အခါမှ ဝင်အိပ်လိုက်မယ်"
"အင်းမောင်လဲ မအိပ်သေးပါဘူး အလုပ်တွေ မကိုင်တာကြာလို့ လုပ်မလို့ "
"အင်း ခဏလောက် YouTube ကြည့်မလို့ ကလေးတွေစာသင်ရင် အထောက်ကူပြုအောင်လို့ "
"အင်းကြည့်လေ ကုတင်ပေါ်မှာ ဘဲကြည့်လိုက် မောင်က ဒီခုံမှာ အလုပ်လုပ်မှာ " ဆိုပြီး ခုံကို လက်ညှိုးထိုးပြတယ်
"အင်း ကုတင်ပေါ်မှာဘဲ ကြည့်တော့မယ်" ဆိုကာ YouTube ကိုဖွင့်လိုက်ပြီး သင်ထောက်ကူ ဗီဒီယိုတွေ ကို ကြည့်လိုက်တယ် ကြည့်နေရင်း နာရီဝက်လောက်ရှိမယ်ထွန်းတောက်နောက်လှည့်ကြည့်မိတော့ ဖုန်းဖွင့်လျက်သား အိပ်ပျော်နေတဲ့ သူ့ရဲ့ ချစ်ရသူ ဖုန်းလေးကိုအားသွင်းထားလိုက်ပြီး စောင်လေးခြုံ Aircon လျော့ပေးလိုက်တော့တယ်
ထွန်းတောက်လဲ အလုပ်တွေ လုပ်နေရင်း မကိုင်တာကြာနေပြီမို့ သေချာ စစ်ကြည့်ရင်း ည ၁၂ မထိုးမှန်းမသိ ထိုးကာသွားတော့တယ် သူလဲ ပင်ပန်းလာတဲ့ အရှိန်နဲ့ တစ်ခါတည်း အိပ်ပျော်သွားတော့တယ်
အေးချမ်းရိပ် အိပ်ယာက အစောကြီးနိုးလာတယ် ရေမိုးချိူး မျက်နှာသစ်ကာ စာသင်ဖို့ အဝတ်အစားလဲ ပြီးတာတောင် ထွန်းတောက်မထသေး ထွန်းတောက်ကို အိပ်ပါစေဆိုပြီး ထားခဲ့ကာ အောက်ဆင်းပြီး မနက်စာ စားလိုက်တယ် မနက်စာစားပြီးတာတောင် အမေနဲ့အဖေ ထွန်းတောက်တို့မနိုးသေး ဆင်းမလာဘူး ဖြစ်နေတယ်.. စောင့်တော့စောင့်သေးတယ် မလာတဲ့အဆုံး တိုးကျော်ကြည့်တော့လဲ မတွေ့ သူ့ကျောင်းချိန်က နီးနေပြီမို့ အလုပ်သမားတစ်ယောက်ကို လိုက်ပို့နိုင်မယ့် Driver ကို ရှာခိုင်းလိုက်တယ် အလုပ်သမားလေးက Driver ကို ရှာပေးပြီးတော့ ထွက်သွားတော့ သူထိုDriver နဲ့ ကား တစ်စီး ယူကာ ကျောင်းကို သွားလိုက်တော့တယ် ကျောင်းသွားတုံး ဖုန်းကယူဖို့ ကျန်ခဲ့သေးတယ်
YOU ARE READING
မေတ္တာအနစ်နာ ( Completed)
General FictionUni လူတွေအပေါ်အားနာတက်တဲ့ မိဘအလိုကျ ညည်းထွားမှုမရှိ အကုန်လုပ်ပေးတဲ့မာမားboy လေးတဖြစ် ငယ်စဉ်ကတည်းက ပရဟိတစာသင်သည့်အလုပ်ကို ဝါသနာပါပြီး ပရဟိတအရင်းခံ စေတနာလှသည့်ဆရာလေးတဖြစ် မိဘသဘောတူသည့် အိမ်ထောင်ဖက်ကိုမလိုခြင်လို့အိမ်မှထွက်ပြီးမတည်ငြိမ်သည့်ရွာကလေးမှာ ဆ...