Episode 70

2.5K 85 2
                                    

Unicode

သင်္ဘောစီးပြီး ပင်လယ်ဝသွား ရှု့ခင်းတွေကြည့်ကြတယ် ပုံတွေတစ်ဝကြီး ရိုက်ပြီး ကမ်းနားလမ်းက ညဈေးတန်းလျှောက်မယ်ပြောတော့ လျှောက်ကတယ် လျှောက်ရင်းနဲ့ ရေဘဝဲကင် ပုစွန်ကင် ငါးသံပရာ ပေါင်း တို့ကို စားကြတယ် တောသားလေး မောင်ကောင်းကတော့ မစားဖူးတာတွေမို့ ပျော်နေကြတာပေါ့

"ကောင်းလေး စား ကြိုက်လား"

"ကြိုက်တယ် တစ်ခါမှ မစားဖူးဘူး အရမ်းအရသာရှိတာဘဲ ရွာမှာဆိုစားရမှာတောင်မဟုတ်ဘူး "

"အင်း စားလေ ကြိုက်ရင်"

"ဟုတ်"

"ငယ် ဖြည်းဖြည်းစား အများကြီးမစားနဲ့ နင်မယ် " ရေဘူးပေးရင်း ပြောလာတဲ့ ထွန်းတောက်

"အင်းမောင် " ပြောကာ ရေသောက်ပြီး ဆက်စားနေတယ်

ထွန်းတောက်ကတော့ ပြုံးနေတာပေါ့ ပြုံးရင်းနဲ့ ပူစာတာတွေကို ကျွေးတယ်

"ငယ် အိမ်ရောက်ရင် ဆေးသောက်ရမယ် အစာကြေဆေး ခဏနေရင် ဆေးရုံကပေးတဲ့ ဆေးသောက်ရမယ်နော် "

"အင်းမောင် "

အိမ်ကိုသာပြန်လာကြတယ် အိမ်ရောက်တော့ ‌အမေက ထွက်လာပြီး

"သားတို့ ညည့်နက်ကြတယ်နော်အမေက စိတ်ပူနေတာ"

"ကလေးကြီးစားချင်တာ လိုက်ကျွေးနေတာ အမေရေ "

"အင်း ဘာမှမဖြစ်ရင် ရပါပြီ ခြေလက်ဆေးပြီးနားလိုက်တော့ ညစာစားဦးမလား "

"ကျွန်တော်တို့ကတော့မစားတော့ဘူး တိုးကျော် နဲ့ ကျွန်တော့တပည့်တွေ စားမယ်ထင်တယ်"

"အင်း အမေမေးပြီး လုပ်လိုက်မယ် "

"ဟုတ် အမေ ဒါဆိုတက်ပြီ အပေါ်"

"အေးသား"

ထွန်းတောက်ပြောပြီး အေးချမ်းရိပ်ကို ခေါ်ကာ တက်သွားတော့တယ် နှစ်ယောက် သား ဆေးတိုက်ပြီး အိပ်ကြတယ် မအိပ်ခင် အေးချမ်းရိပ်ကို အနမ်းမိုးများရွာသွန်းပြီး မှ အိပ်ကြတော့တယ် အေးချမ်းရိပ်နဲ့ ထွန်းတောက် တူတူမနေတာဆို တစ်လနီပါးလောက်တော့ရှိတော့မယ် နေမကောင်းသော အေးချမ်းရိပ်ကို ငဲ့ပြီး မနေတာ အေးချမ်းရိပ် သိတာမို့ ထွန်းတောက်ရဲ့ မက်မောလှတဲ့ အနမ်းကိုတော့ မညင်းဆန်ဘဲ ခွင့်ပြုထားတာ သူသူကိုယ်ကိုယ် လင်မယား ကိစ္စအမှု အိမ်ထောင်ရှိသူတိုင်း ပြုမူချင်ကြမှာပဲလေ သိပေမယ့် အေးချမ်းရိပ်က နေမကောင်းတော့ လက်သင့်သိပ်မခံနိုင် ဒါ့ကြောင့်သူနေကောင်းအောင် ကြိုးစားနေတာဘဲဖြစ်ပါတယ် ချစ်တဲ့သူနဲ့ ကိုယ်လက် နှီးနှောဖို့ဆို တာချစ်ကြသူတိုင်း လိုလားတောင်းတတဲ့အရာမို့ အေးချမ်းရိပ် ဆန္ဒရှိပါတယ် ထို့အတူ ထွန်းတောက်လဲ ဆန္ဒရှိမှာမို့ သူနေမြန်မြန်ပြန်ကောင်းလာမှဖြစ်မယ်လို့ ဝတ္တရားကျေပွန်ရမယ်လို့ တွေးထားတယ်

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now