Episode 5

5.1K 285 0
                                    

Unicode

သက်မှတ်နေရာ ရောက်တော့ကားပေါ်ကဆင်းကာ ပစ္စည်းများသယ်ပြီး ရှေ့ဆက်ရန် ခရီးဆက်ရတော့တယ် သို့သော် မည်သို့ဆက်သွားရမည်မှန်းသူမသိ ယောင်လည်လည်ဖြစ်နေတော့ အနီးနားမှာ လူရှိမလားဆိုပြီး ကြည့်ကြည့်တော့ ဦးလေးတစ်ယောက်ကိုတွေ့တော့

"ဉီးလေးဦးလေး ဦးလေးခင်ဗျ ------ရွာကို ဘယ်လိုသွားရမလဲခင်ဗျ လမ်းညွှန်ပေးလို့ ရမလားခင်ဗျ မသွားတက်လို့ပါ" ဆိုတော့

ဦးလေးကြီးက လိပ်စာကို တစ်ချက်ကြည့်ပြီး ခက်တည်တည်နဲ့ စကားပြောတယ်"ငါစာမတက်ဘူး"တဲ့

"အန် -----ရွာပါဗျ"  ဆိုတော့ သူအစကရွာနာမည်ကို မကြားမိလိုက်လို့နဲ့တူတယ် ပြန်ပြောတယ်....

"အော်အဲ့ရွာလား ဒီလမ်းကနေတည့်တည့်သွား ၁၆ ဖာလုံ လောက်သွားပြီးရင် ညောင်ပင်ကြီးတွေ့လိမ့်မယ် ညောင်ပင်ကြီးရောက်ရင် မြောက်ဘက်ကို ချိုး  ချိုးပြီးရင် ၂ဖာလုံလောက်လမ်းလျှောက် ပြီးရင် ကြာရေကန်ကိုတွေ့လိမ့်မယ် ရှေ့ခဏဆက်သွားရင်တွေ့တဲ့ရွာဘဲ" တဲ့

အချိန်ကြည့်လိုက်တော့ ခြောက်နာရီရှိပြီ 'အင်း နေအေးတုံးလေးမြန်မြန်သွားရမယ်'ဆိုပြီး မြန်မြန်သွားမိတယ် တစ်နာရီလောက်နေတော့ ရွာကိုရောက်တယ် ရွာမရောက်ခင် တောင်မြောက် နဲ့ တိုင်ပက်ပြီးမှ ရွာဆီရောက်တော့တယ် ရွာထဲဝင်တော့ စစချင်းတွေ့တဲ့ကလေးတစ်ယောက်ကို ရွာလူကြီးအိမ်မေးလိုက်တော့ ကလေးက ထူးဆန်းသလိုကြည့်တယ် မိမိကိုယ်ကို လှည့်ပတ်ကြည့်ပြီး ပြီးတော့ လိုက်ခဲ့တဲ့ လိုက်ပို့ပေးမယ်ဆိုပြီး လက်ထဲက အထုတ်တွေကို ကူဆွဲပေးတယ် ပြီးတော့ လူကြီးအိမ်ကို ရောက်တော့

"အဘအဘ ဧည့်သည်လာတယ် မြို့ကနဲ့တူတယ် ကျုပ်လိုက်ပို့ပေးတာ" လို့ပြောပြီး အော်ခေါ်လိုက်တယ် ထိုအခါ ရွာလူကြီးဆိုသူ အဘက ထွက်လာပြီး...

"အော် ဆရာလေးနဲ့တူတယ် ပရဟိတဆရာလေးမှတ်လား ရန်ကုန်ကလာတာလေ ဥက္ကဌက ဖုန်းဆက်ထားတယ်.. ဆရာလေးကလဲ ကျုပ်ကို ဖုန်းဆက်လိုက်တာမဟုတ်ဘူး ကျုပ်လာခေါ်ရ‌ရော‌ ပေါ့"

အေးချမ်းရိပ်က "ရပါတယ်အဘရဲ့ ကျွန်တော်က လူငယ်ဘဲ ကိစ္စမရှိပါဘူး လမ်းလျှောက်တာ ကျန်းမာရေးနဲ့တောင်ညီသေးတယ် နောက်ပြီးအဘတို့ကို အားနာလို့ပါဗျ " ဆိုပြီး ရိုသေစွာ ပြောလိုက်တယ်..

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now