Episode22

3.3K 180 0
                                    

Unicode

အေးချမ်းရိပ် မနက်ခင်းပိုင်း ကလေးတွေ ကို စာ သင် ညနေပိုင်း အပင်လေးတွေကို ရေလောင်း ပေါင်းသင်ပြီး  လူကြီးတွေကို စာသင်ပေးတာမှာ ဆယ်ရက်သို့ရောက်ရှိလာပြီဖြစ်တယ်..ဆယ်ရက်ဆိုတော့ စိုက်ထားတဲ့ အပင်လေး တွေလဲ ထွက်လာကြပြီမို့ အေးချမ်းရိပ် ပျော်ရွှင်နေတော့တယ်..

မနက်ခင်းပိုင်း ကျောင်းကိုသွားပြီး ကလေးတွေကို စာလေးတွေ သင်ပေးရင်း ကလေးတွေကို စာရေးခိုင်းထားတော့ ကလေးတွေ ပျင်းနေကြတာကို သတိပြုမိတယ် အေးချမ်းရိပ်က အပြင်ဘက်ကို ခဏအကြည့်ရောက်သွားတော့ ရေသွားခပ်ကြတဲ့ မိန်းကလေးတွေ နောက်ကနေ လိုက်ပိုးတဲ့ ကာလသားတွေ ကိုတွေ့တော့ ပြုံးလိုက်တယ် ပြီးတော့ကလေးတွေဆီ ပြန်လှည့်ကာ..

"သားတို့ သမီးတို့ ခဏ...... ပျင်းနေကြပြီလား"

"ဟုတ် နည်းနည်းတော့ပျင်းတယ်ဆရာလေးရဲ့ "

"ဟုတ်ပြီ အားလုံး ထလိုက်ကြ စာအုပ်လေးတွေပိတ်လိုက် ဆရာ အခုမအိပ်ချင်အောင် လုပ်ပေးမယ် ဆရာလဲ လုပ်မယ် ကလေးတို့လဲ တူတူ လုပ်ရမယ် ဟုတ်ပြီလား"

"ဟုတ် ဒါနဲ့ ဘာလုပ်ရမှာတုံးဆရာလေး"

"အားလုံး လယ်တောသူဆိုတဲ့ သီချင်းလေးကို သီလား "

"သိပါတယ်ဆရာလေး " တချို့ကတော့ မသိဘူးထင်တယ် မပြောကြ

"ရတယ် မသိတဲ့ သားသားတို့ သမီးတို့ ကိစ္စမရှိဘူး လက်ခုပ်တီးပြီး ကူညီပေး အခုလုပ်မှာက ဆရာနဲ့ အတူ သီချင်း လယ်တောသူ သီချင်းလေးတူတူဆိုမယ် လက်ခုပ်တီးပြီးနော်"

"ဟေး ... ဟုတ်ကဲ့ "အားလုံး လက်ခုပ်တီးကြတယ်..

ပြီးတော့ အေးချမ်းရိပ် စီးချက်တိုင်လိုက်ပြီး လက်ခုပ်တီးကာ စဆိုတော့တယ်..

"ဒါဆို ဆရာက တိုင်ပင်ခေါ်‌လိုက်မယ် ပြီးရင် တူတူဆိုမယ် ဟုတ်ပြီလား "

"ဟုတ်ကဲ့ပါဆရာလေး"

"ကဲ စမယ် တစ် နှစ် သုံး "

"🎶🗣️တို့များတောရွှာမှာကွယ်

ချိန်ညနေစောင်းကလေးမယ်
အပေါင်းအသင်းနဲ့ရေခပ်လာတယ်
ထုံးစံပါ ရွှာမှာကွယ်..

မေတ္တာအနစ်နာ ( Completed)Where stories live. Discover now