Chapter 2

2.2K 186 8
                                    

     မနေ့ညက အိပ်ယာဝင်နောက်ကြသဖြင့်‌ေရှာင်းကျန့် နေအတော်မြင့်မှ နိုးလာသည်။မျက်နှာသစ်ရင်း ရေတခါထဲချိုးလိုက်သဖြင့် လန်းဆန်းလို့သွားရသည်။

      အောက်ထပ်ကို ဆင်းလာတော့ တပည့်ကျော် ပိုင်လီက

"ဆရာ...ပြင်လိုက်ရတော့မလား..."

"အေးကွာ..."

        တပည့်ကျော်ရဲ့ လက်ရာ ထမင်းကြော်နဲ့ကော်ဖီကိုသောက်ရင်း သတင်းစာကို ဖတ်နေမိသည်။ဒါ‌ေရှာင်းကျန့် လုပ်နေကြ မနက်ခင်းရဲ့အလုပ်။

         ရှောင်းကျန့် မေမြို့ကိုရောက်တာ တပတ်ကျော်ကျော်လောက်သာရှိသေးသည်။ဒီမြို့ကိုရောက်တော့ တည်းခိုခန်းတခုမှာ တည်းပြီး အိမ်ငှားဖို့အတွက် မြို့ခံသူငယ်ချင်းဖြစ်တဲ့ မေမြို့ဆေးရုံအုပ်ကြီး Dr.ကျန်းချန်ရဲ့ အကူညီကို ရယူခဲ့ရသည်။

           ကျန်းချန်ကတော့ သူ့အိမ်မှာဘဲ နေဖို့ပြောပေမဲ့ သူစာရေးဖို့အတွက်သက်သက်လာခဲ့ခြင်းဖြစ်တာ‌ေကြာင့် အေးချမ်းတိတ်ဆိတ်ပြီး ခြံကျယ်ဝန်းကျယ်နဲ့ ဘေးပတ်ပတ်လည်မှာ ထင်ရူးပင်တွေ ညို့စိုင်းနေတဲ့ ဒီအိမ်ကြီးကိုတွေ့ပြီး သဘောကြသွားကာ ငှားဖို့ဖြစ်လာရသည်။

           မတက်သာတဲ့အဆုံး ကျန်းချန်လဲ သူငယ်ချင်းကို ကူညီရှာဖွေပေးလိုက်ရတော့၏။လူသွားလူလာရှင်းပြီး မြို့ထဲကိုရောက်ဖို့ ရထားလူံးနဲ့ ၅မိနစ်သာသာလောက်မောင်းရတဲ့ နေရာဆိုတော့ သိပ်မခက်ခဲလှပေ။

           တကိုယ်တည်းသမား ဖြစ်တဲ့ ရှောင်းကျန့်မှာ မိသားစုသံယောဇဉ်တွယ်ဖို့မရှိတာကြောင့် စိတ်သွားတိုင်းကိုယ်ပါနိုငိပေသည်။မိဘများမရှိတော့သော်လဲ တသက်စားမကုန်တဲ့ စည်းစိမ်တွေ ကျန်ခဲ့တာကြောင့် ဝါသနာပါရာ စာရေးခြင်းအလုပ်ကို ဇောက်ချလုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ထို့ကြောင့် သုံးလေးလလောက်နေပြီးမှ ပြန်ဖို့ စိတ်ကူးလိုက်မိသည်။

           သူငယ်ချင်းဖြစ်သူမှ စားရေးသောက်ရေးခက်ခဲမည်ဆိူးတာကြောင့် ပိုင်လီကိုငှား‌ေပးထားခြင်းဖြစ်သည်။

"ဆရာ...အကိုကျန်းချန်ရောက်နေပါတယ်..."

"အေးလာပြီ...."

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now