"ရိုက်တော့မယ်နော် ပြုံးပြုံးလေးနေပါ....1 2 3..."
မြို့မဓါတ်ပုံတိုက်မှ ဓါတ်ပုံရိုက်သည့် အခန်းထဲမှာ ရိပေါ်တယောက် အိုက်တင်အမျိုးမျိုးထုတ်ကာ ဓါတ်ပုံရိုက်နေခြင်းဖြစ်သည်။
"အကို....လာလေ...အတူတူရိုက်မယ်...."
"နေပါဗျာ...ငယ်ဘဲရိုက်ပါ..."
"လာပါဆို....အမှတ်တရဖြစ်တာပေါ့လို့....လာပါ..."
ဘေးကနေရပ်ဘဲကြည့်နေသည့် အကို့ကို အတင်းဆွဲခေါ်လာပြီး အမှတ်တရဓါတ်ပုံရိုက်ရန် ဖလင်ကင်မရာရှေ့ ခေါ်လာခဲ့သည်။
"အင့်...ဒီအင်္ကျီလဲခဲ့နော်...ငယ်တို့ဆင်တူဝတ်ပြီးရိုက်ကြမယ်လေ..."
"ဒီအတိုင်းဘဲမရဘူးလား ငယ်ရယ်...."
ရိပေါ်ပေးလာတဲ့ တရုတ်အမျိုးသားဝတ် ဖဲအင်္ကျီကြီးကို ကြည့်ကာ မလဲချင်တဲ့ ရှောင်းကျန့်က ထပ်ပြောတော့
"ဘာလဲ အကိုက ငယ်နဲ့ပုံစံတူမဝတ်ချင်ဘူးလား...."
မျက်မှောင်လေးကျုံ့လို့ နှုတ်ခမ်းဆူကာ မေးလာတဲ့ ချစ်ရသူလေးကြောင့် ရွှေစိတ်တော်မငြိုငြင်ဖို့အရေး ကိုရှောင်းကျန့်တို့ပြာပြာသလဲနဲ့
"နှုတ်ခမ်းကြီးပြန်သိမ်းပါဦး...ကိုယ့်လဲ လာထိုးမိနေပါဦးမယ် ဝက်ပေါက်လေးရဲ့....အခုဘဲ သွားလဲလိုက်မယ်နော်...ဟုတ်ပြီလား...."
"ပြီးရော...ဒါလေးလဲဖို့ကို အချိန်တွေကြာနေတာ...မြန်မြန်လုပ်ခဲ့နော်...."
"ဟုတ်ကဲ့...ဝမ်သခင်လေး သဘောတော်အတိုင်းပါဘဲခင်ဗျ...."
ရှောင်းကျန့်ရဲ့ ရွှတ်နောက်နောက်အပြောကို ရိပေါ်မျက်စောင်းတချက်ထိုးပေးလိုက်တော့မှ အဝတ်လဲခန်းထဲဝင်သွားတဲ့အမောင်ရှောင်းကျန့်ရယ်သာ။
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်