Chapter 56

767 61 6
                                    

မေးမြန်းစုံစမ်းရန် Dr.ကျန်းချန်တယောက် နောင်လှိုင်ရွာသိူ့ ရောက်ရှိလာရပြီး

"ဒီကကပ္ပိယကြီးက မိုးမခမြိုင်စံအိမ်မှာ ပယောဂနှင်ပေးခဲ့ဖူးတဲ့ ဆရာကြီးလား ခင်ဗျ...."

"ဟုတ်ပါတယ်.... မောင်ရင်နဲ့ဘယ်လိုများ ပတ်သတ်နေလို့လဲကွဲ့....."

ကပ္ပိယကြီးထံမှ ဟုတ်မှန်ကြောင်းကြားသိလိုက်ရတာမိူ့ ကျန်းချန်ဝမ်းသာသွားရပြီး

"ဝမ်းသာလိုက်ဗျာ....ကျနော်လာသာ လာခဲ့ရတာ....တွေ့မှတွေ့ပါမလားလို့ အောက်မေ့နေတာ...." မှ အစချီကာ ရိပေါ်တို့ရဲ့ဖြစ်ကြောင်းကုန်စင်ကို ပြောပြကာ အကူညီတောင်းလိုက်မိသည်။

ထိုအခါ ကပ္ပိယကြီးနဲ့အတူ ရှိနေတဲ့ ရသေ့ကြီးတဦးမှ

"သူ့ကြွေးဆပ်ဖို့ အချိန်ကျပြီထင်ပါရဲ့....ကျုပ်ပါလိုက်ခဲ့ပါရစေ လူလေး...."

ရသေ့ကြီးရဲ့ အရေးကြောင်းတို့ရှိနေတဲ့ မျက်နှာထပ်ဝယ် ကြေကွဲဝမ်းနည်းမှုအတိုင်းသားပေါ်လွင်စွာနဲ့ နင့်နင့်သည်းသည်းဆိုလာတာကြောင့်

"ဟုတ်ကဲ့....လိုက်ခဲ့လို့ရပါတယ် ဘရသေ့ကြီး...."

ထို့နောက်မှာတော့ Dr.ကျန်းချန်ရဲ့ ဘောက်စဝက်ဂွန်ကားလေးနှင့် ကပ္ပိယကြီးနှင့် ရသေ့ကြီးကို တင်ဆောင်ကာ မိုးမခမြိုင်စံအိမ်သို့ ခေါ်ဆောင်လာခဲ့တော့သည်။

နှစ်ပေါင်းများစွာကြာပြီးမှ မိုးမခမြိုင်သိူ့ ပထမဦးဆူံးအကြိမ်ပြန်ရောက်လာရပေမဲ့ အရာရာက စိမ်းသက်လို့မနေပေ။

"အခုလိုလိုက်လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် ကပ္ပိယကြီး....အော် ဘရသေ့လဲ ပါလာတာကို လာပါ ...အိမ်ထဲကိုကြွကြပါဦး...."

ကျန်းချန်က ပိုင်လီကို ရှေ့ပြေးသတင်းပါးခိုင်းတာမို့ ရှောင်းကျန့် အိမ်ထဲဝင်လာသူတွေကို ဆီးကြိုနှုတ်လိုက်မိသည်။

သူများတွေအကုန် ဧည့်ခန်းမှာ ထိုင်နေကြပေမဲ့ ရသေ့ကြီးကတော့ သူဌေးကြီးဝမ်ကျောက်ယွင်ရဲ့ ပုံတူပန်းချီကားချပ်ကြီးရှေ့သို့ သွားကာ

"ဦးလေး....ကျုပ်အပစ်တွေ ပေးဆပ်ဖို့ မိုးမခမြိုင်ကို ပြန်ရောက်လာခဲ့ပြီ...."

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now