Chapter 57

957 65 6
                                    

အပေါ်ထပ်က အခန်းထဲမှာ ကျင်းကွမ်းယောင်းနဲ့ ကျောက်ဟုန်မင်တို့အချေအတင်ပြောနေကြသလောက် မြေအောက်ခန်းထဲမှာလဲ Dr.ကျန်းချန်နဲ့ပိုင်လီတို့က နံရံကိုဖောက်ကာ အလောင်းကိုတူးဖော်ရသည်က ထင်သလောက်မလွယ်ကူလှပေ။

ကညင်ဆီမီးတုတ်ကို ကိုင်ကာ မတ်တပ်ရပ်စောင့်နေပေးတဲ့ဒေါ်သူဇာကတော့ ဘုရားစာတတွတ်တွတ်ရွတ်နေရင်း မြန်မြန်ရှာတွေ့စေဖို့ ဆုတောင်းနေမိသည်။

        ✨✨✨✨✨

"ဒီမှာကျင်းကွမ်းယောင်း.....ကျုပ်တို့ခင်ဗျားသား ကျင်းယွဲ့ကိုသတ်ဖို့ထိမရည်ရွယ်ခဲ့ပါဘူး....အမှတ်မထင်ဘဲ သေစေခဲ့မိလို့ ကျုပ်ကိုယ်တိုင်‌ရောဦးလေးဝမ်ကိုယ်စားပါတောင်းပန်ပါတယ်...."

ပြောပြောဆိုဆိုပင် ရသေ့ကြီး ကျောက်ဟုန်မင်က ရိပေါ်ရှေ့ဒူးထောက်ချလိုက်ပြီး မျက်ရည်များနဲ့တောင်းပန်နေသလောက်

"ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် ငါ့သားကသေသွားခဲ့ရပြီ....အခုမှ မင်းတောင်းပန်နေလဲအပိုဘဲ...."

မျက်နှာထားကတင်းမာခက်ထန်နေရကာ ရသေ့ကြီးရဲ့တောင်းပန်မှုကို ခါးခါးသီးငြင်းဆိုနေတဲ့ ရိပေါ်အသွင်က တကယ့်နတ်ဆိုးတယောက်လို အရာရာကိုဖျက်စီးပစ်ဖို့ အသင့်ဖြစ်နေရသလိုပင်။

"အဘိုးကြီး....မဆိုင်ရင် ဝင်မရှုပ်နဲ့...."

ကပ္ပိယကြီးက အလစ်အငိုက်ကိုချောင်းပြီး သူယူလာတဲ့ရေမန်းနဲ့ပက်ဖို့ကြံစည်နေတာမို့ ရိပေါ်လက်တဖက်ကိုဆန့်တန်းရင်း တွန်းလိုက်ကာ ကပ္ပိယကြီးကို ဟန့်တားလိုက်သည်။

"ဘုန်း...အင့်....."

ရိပေါ်ကလက်အမူအရာနဲ့သာလုပ်လိုက်ပေမဲ့ ကပ္ပိယကြီးခဗျာ အနောက်ကနံရံနဲ့ ကျောနဲ့ပြေးဆောင့်ခံလိုက်ရသည်မို့ အသက်ရွယ်ရတာလဲပါတာကြောင့် အတော်နဲ့မထနိုင်တော့ပေ။

"ကပ္ပိယကြီး ရရဲ့လား...."

ရှောင်းကျန့်အပြေးသွားကာဆွဲထူလိုက်ပေမဲ့ စကားပင်ပြန်မပြောနိုင်အောင်ထိ နာကြင်သွားရတဲ့ ကပ္ပိယကြီးက လက်အသာကာပြလိုက်မိသည်။

"ခင်ဗျားရဲ့ မောဟစိတ်တွေ အတ္တစိတ်တွေကို အခုထိမလျော့နိုင်သေးဘူးလားကျင်းကွမ်းယောင်းရယ်.....ကျုပ်တို့ရဲ့ အမှောင်မိုက်တွေဖူံးလွမ်းနေတဲ့ ဒီဇာတ်လမ်းကြီးမှာ အပစ်မဲ့သူတွေရဲ့ သွေးတွေအများကြီးစွန်းနေရပြီးပြီ....သံသရာကြွေးကို ဒီလောက်နဲ့ဘဲ ချုပ်ငြိမ်းကြရအောင်ဗျာ....ကျုပ်တောင်းပန်ပါတယ်....ကျုပ်အသက်ကိုသာယူလိုက်ပါ....ဒီအပစ်မဲ့တဲ့ကလေးကို လွတ်ပေးပါလားဗျာ....."

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now