ဝင်ဒါမီယာထဲကနေထွက်လာပြီး ဦးဝိစာရလမ်းပေါ်ကနေ မြန်မာတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေတိဂုံဘုရားဆီသိူ့ ဗန်တလေကားနက်လေးတစီးက မောင်းနှင်လာသည်။
ရှောင်းကျန့်နဲ့ရိပေါ်တို့ ရွှေတိဂုံဘုရားပေါ်သို့ရောက်ချိန်တွင် ဆည်းဆာရောင်သမ်းစပြုနေပြီဖြစ်သည်။သို့သော်လည်း ဘုရားကုန်းတော်အပေါ်တွင် သန့်ရှင်းရေးလုပ်သူများ၊ဘုရားဖူးလာကျသူများနှင့် ပြည့်နှက်စည်ကားလျက်ရှိနေပေသည်။
ရိပေါ်လဲ ကိုယ့်မွေးနေ့နံမှာ ဘုရားရှိခိုးခြင်း၊ရေသပ္ပာယ်ခြင်းအမှုအစုစုတို့ကို ပြုလုပ်ကာ ကွယ်လွန်သွားကျသော မိသားစုဝင်များကို ရည်စူးပြီး အမျှအတန်းဝေကာ ဘုရားပေါ်မှ ပြန်ဆင်းလာကြတော့ နေအလင်းပင်မရှိတော့ချေ။
"ငယ် ခုနကဆုတောင်းနေတာ အကြာကြီးဘဲနော်....ဘာဆုတွေ တောင်းခဲ့တာလဲ...."
ဘုရားကုန်းတော်ပေါ်မှအဆင်း ဟိုဒီငေးနေသည့် ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်ကမေးလိုက်ခြင်းဖြစ်သည်။
"အများကြီးပေါ့...မပြောပြဘူး...ကိုယ်ဆုတောင်းတာကို သူများကိူပြောပြလိုက်ရင် မပြည့်ဘူးတဲ့..."
"ကိုယ်က သူများမှ မဟုတ်တာ....ငယ်ရဲ့သက်ဆိုင်သူဘဲဟာကို....ပြောပြနော်...."
ရှောင်းကျန့် ဘာလို့အတင်းကပ်မေးနေလဲ ရိပေါ်သိတာကြောင့် ပြုံးစိစိမျက်နှာထားလေးနဲ့ ရှောင်းကျန့်လက်မောင်းတဖက်ကို တွဲချိတ်လိုက်ပြီး
"ဟောဒီဘေးက လူကြီးနဲ့ မခွဲခွာရဘဲ တသက်လူံးပေါင်းရပါစေလို့ ဆုတောင်းခဲ့တာကို မပြောပြတော့ပါဘူးလေ...."
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်