ရှောင်းကျန့် ရေတွင်းအောက်ကိုရောက်ကာ ရေထဲကို ဆင်းလိုက်သည်။ တာတေကို ကြည့်ရတာ တုန်တုန်ခိုက်ခိုက်နဲ့ အတော်ပင် လန့်နေသည့်ဟန်မို့
"ဘာဖြစ်တာလဲ....မကြောက်နဲ့....ကျနော်ရှိတယ်....."
"အောက်ကနေ တခုခုက ဆွဲထားတယ် အကိုလေး.....ရုန်းလို့လဲ မရဘူး....."
"ခနလေး....ကျနော်ကြည့်ပေးမယ်....."
တာတေကို ထိုသို့ပြောပြီး ရှောင်းကျန့် အသက်ကိုဝဝရှုကာ နံစော်နေတဲ့ ရေထဲသို့ ငုတ်ချလိုက်သည်။
မဲမှောင်နေသည်မို့ မျက်လုံးကို အကျင့်သားရအောင် ခနလောက် နေလိုက်သည်။ကြည့်နေရင်းမှ မီးရောင်တခုကို ထွန်းလိုက်သလို ရေထဲမှာ ထင်းလင်းသွားရသည်။
ထိုအလင်းရောင်ကို ကြည့်နေခိုက် လူတယောက်က ရေထဲမှ ကူးခတ်လာသည်ကို တွေ့လိုက်ရတာမို့ ရှောင်းကျန့် အံ့ဩသွားမိသည်။ထိုလူက ရေအောက်တနေရာကို လက်ညိုးညွှန်ပြလာသည်မို့ ရှောင်းကျန့်ကြည့်လိုက်တော့ ဦးခေါင်းခွံတခြား ခန္ဓာကိုယ်တခြားဖြစ်နေသည့် အရိုးစုကြီးကို တွေ့လိုက်ရသည်။
ထိုအရိုးစုကြီးနား ကို ကူးသွားလိုက်တော့ တာတေ ခြေထောက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားသလို ဖြစ်နေသည်ကို တွေ့ရ၏။
ရေပေါ်ကို ရှောင်းကျန့်ပြန်တက်လာတာကို တာတေမြင်လိုက်တော့
"ဘာ....ဘာကြီးလဲ အကိုလေး....တွေ့ရလားဟင်....."
"အင်း....တွေ့တယ်....ကျနော်ဖြုတ်ပေးမယ်....ခင်ဗျား ငြိမ်ငြိမ်နေ...."
ထိုသို့ပြောပြီး တဖန်ရှောင်းကျန့် ရေထဲကို ပြန်ငုတ်ချလိုက်တော့သည်။အရိုးစုကြီးနားမှာ ထိုလူကရပ်နေတုန်းဖြစ်သည်။တာတေခြေထောက်ကို ဆုပ်ကိုင်ထားသလို ဖြစ်နေသည့် အရိုးစုရဲ့လက်ကို ဖယ်မည်အလုပ်မှာ သူ့အလိုလို ပြုတ်လို့သွားရသည်။
"ငါ့အလောင်းကို သင်္ဂြိုဟ်ပေးပါ....အခုလို ကူညီရှာဖွေပေးတာ ကျေးဇူးတင်ပါတယ်...."
ပါးစပ်ကမလှုပ်ပေမဲ့ ထိုလူပြောသည့် စကားတို့ကို ရှောင်းကျန့်ကြားလိုက်ရတာကြောင့် အံ့ဩသွားရကာ
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်