Chapter 34

659 62 6
                                    

        မြစ်ပြင်ကို ဖြတ်ကာ တိုက်ခတ်လာတဲ့ လေ‌ညှင်းသွဲ့သွဲ့က နံနက်ခင်းနေရောင်ခြည်ရဲ့နွေးထွေးမှုကြောင့် အေးစက်မနေပေ။ လမ်းအတူလျှောက်ရင်း လေညှင်းခံရအောင်ဟုဆိုကာ မနက်စာစားပြီးထဲက ရှောင်းကျန့်ကခေါ်လာသဖြင့် ကမ်းနားလမ်းကို ရိပေါ်တို့ရောက်ရှိနေကြခြင်းဖြစ်သည်။

         မြစ်ပြင်ကျယ်အတွင်းဝယ် လှေသမ္မာန်တို့လှော်ခတ်ကာ ရွေ့လျားနေကြသည်များကို ကြည့်နေတဲ့ ရိပေါ်မျက်နှာလေးပေါ် လေတချက်အသုတ်မှာ ဆံနွယ်တို့က ပြိုဆင်းလာရသည်။ဤသည်ကို ဘေးကနေငေးကြည့်နေတဲ့ ရှောင်းကျန့်က အလိုမကျသလိုဟန်နဲ့ ပြိုဆင်းသွားတဲ့ ရိပေါ်ရဲ့ဆံဝါနုနု...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

         မြစ်ပြင်ကျယ်အတွင်းဝယ် လှေသမ္မာန်တို့လှော်ခတ်ကာ ရွေ့လျားနေကြသည်များကို ကြည့်နေတဲ့ ရိပေါ်မျက်နှာလေးပေါ် လေတချက်အသုတ်မှာ ဆံနွယ်တို့က ပြိုဆင်းလာရသည်။ဤသည်ကို ဘေးကနေငေးကြည့်နေတဲ့ ရှောင်းကျန့်က အလိုမကျသလိုဟန်နဲ့ ပြိုဆင်းသွားတဲ့ ရိပေါ်ရဲ့ဆံဝါနုနုတို့ကို အသာသပ်တင်ပေးလိုက်တော့ ဖန်ညိုရောင် မျက်ဝန်းကြည်ကြည်တို့က လှည့်ကြည့်လာသည်။

"အင်း...အခုမှ ကိုယ့်ကမ္ဘာကြီးက ပြည့်စုံသွားတော့တယ်...."

       ရှောင်းကျန့်ရဲ့ တကိုယ်ရည် ရေရွတ်သလိုအပြောကို နားမလည်တာကြောင့် ဘာလဲဆိုသည့် အမေးဟန်နဲ့ စင်ယော်တောင်မျက်ခုံးလေးကို ပင့်ကာ ရိပေါ်မေးလိုက်တော့

"ဟင့်အင်း...ဘာမှမဟုတ်ဘူး..."

        ခေါင်းကိုအသာယမ်းပြကာ ရှောင်းကျန့်ပြောလိုက်တော့

"မဟုတ်လဲပြီးတာဘဲ....လမ်းလျှောက်ရတာ ညောင်းနေပြီ...ပြန်ကြမယ်လေ...."

          မပြောမဆိုနဲ့ ရိပေါ်ကို ကျောပေးကာ တဖက်သို့လှည့်ထိုင်ချလိုက်တဲ့ ရှောင်းကျန့်က

"တက်..."

             စကားပြန်မဖြေလာတာကြောင့် မော့ကြည့်လိုက်တော့ သူ့ကိုပြူးကြောင်ကြောင်လေး ကြည့်နေတဲ့ ရိပေါ်ကြောင့်

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now