"ကိုယ်စိတ်မချဘူးကွာ....ကိုယ်ပါလာစောင့်အိပ်မယ်...."
"သက်သာပါတယ်ဆို အကိုကလဲ...."
"မရဘူးကွာ....အဲ့ဒါဆို ကိုယ်နဲ့လာအိပ်....ညရေးညတာ ငယ်တခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ....တော်ပြီ အပိုတွေထပ်မပြောနဲ့....ငယ့်အခန်းကိူ ကိုယ်အပြီးပြောင်းခဲ့တော့မယ်...."
ပြိုင်ပြောနေလို့လဲ မနိုင်တာကြောင့် ရိပေါ်လက်မြောက်အရှုံးပေးလိုက်ရတော့သည်။တခါတလေသိပ်တဇွတ်ထိုးဆန်သည့် ချစ်ရသူကို သက်ပြင်းဖွဖွရှိုက်လို့ ပြုံးကြည့်နေရင်းမှ
"ပြောမရလဲ အကို့သဘောဘဲ...."
"မွစ်....ငယ်ကလိမ်မာလိုက်တာ...."
ရိပေါ်နဖူးပြေပြေလေးကို တချက်နမ်းလိုက်ပြီး ရှောင်းကျန့်ဆိုလိုက်မိသည်။
"လာ အိပ်တော့....ဆေးသောက်ထားပြီး စောစောအိပ်ရမယ်လေ....ဒါမှ ငယ်အားရှိမှာ...."
ရိပေါ်ခုတင်ပေါ်တက်ခါ သူ့ဘာသာစီမံခန့်ခွဲနေတဲ့ ရှောင်းကျန့်ကအရင်လှဲချလိုက်ပြီး ရိပေါ်ကိူအိပ်ခိုင်းနေသည်။
ရိပေါ်လဲအကို့အလိုကျ အိပ်ယာပေါ်လှဲချလိုက်တော့ သူ့လက်မောင်းပေါ် ရိပေါ်ခေါင်းလေးကို ဆွဲတင်လိုက်ပြီး ရိပေါ်ကိုယ်လေးကို ထွေးဖက်ထားသည်။
"ချော့သိပ်ရမလား...."
ရှောင်းကျန့်ရင်ခွင်ထဲကနေ ရိပေါ်ခေါင်းလေးမော့ကာ ကြည့်လိုက်ပြီး
"ဘယ်လိုချော့သိပ်မှာလဲ...."
"ဖင်လေးပုတ်ပြီး ကလေးတွေလိုသိပ်မယ်လေ...."
အပြောတင်မဟုတ် လက်ပါ ရိပေါ်တင်ပါးလူံးလူံးလေးတွေကို ပုတ်ရင်းပြောလာတဲ့ အကို့ကြောင့်
"ဖယ်ပါ လက်ကြီးက....အဲ့လိုသိပ်ရအောင် ငယ်က ကလေးလား...."
ရှောင်းကျန့်လက်ကို မနေတက်စွာဆွဲဖယ်လိုက်ရင်း ရိပေါ်ပြောလိုက်မိတော့ တဟားဟားအော်ရယ်နေသည့်အကို မျက်နှာခန့်ချောကြီးကိုသာ ရိပေါ်ငေးကြည့်နေမိ၏။
"ကလေးဘဲလေ....ကိုယ့်ကလေးလေးမဟုတ်ဘူးလား...."
"ဟုတ်ပါ့ဗျာ....အကို့ကလေးလေး...."
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်