အုတ်အုတ်ကျက်ကျက်စကားသံများနဲ့ အတူ အိမ်ထဲဝင်သူထွက်သူတွေနဲ့ ပြည့်နေပေမဲ့လို့ ဧည့်ခန်းရဲ့ဒေါင့်လေးတနေရာမှာ ခပ်ကုပ်ကုပ်လေး ငြိမ်ပြီး ရိပေါ်ထိုင်နေမိသည်။
နှစ်ရက်ဆိုတဲ့ အချိန်ကို ရိပေါ်ရှုပ်ထွေးနောက်ကျိစွာနဲ့ဖြတ်ကျော်ခဲ့ရသည်။ဒီနေ့ သူံးရက်မြောက်နေ့ ဝမ်ချင်ကို အသုဘချမဲ့နေ့ဖြစ်သည်။
မမရေ...ဒီနေ့မမကို ကျနော်ထာဝရခွဲရမဲ့ေန့တဲ့ဗျာ။
အားငယ်ဆုပ်နစ်ကာ ရိပေါ်အတွက် မမ မရှိတော့သည်က ရွှေတောင်ကြီးပြိုကျသွားသလို ခံစားရသည်။ထိုအတွေးနဲ့အတူ ညဘက်မအိပ်ထားသည့်အတွက် ကြောင်စီစီမျက်ဝန်းလေးများမှ ပူနွေးတဲ့မျက်ရည်တို့ စီးကျလာရ၏။
ရိပေါ်ဘေးမှာ ကပ်ထိုင်နေတဲ့ ဒေါ်သူဇာက သိမ့်သိမ့်တုန်ကာ အသံမထွက်ဘဲ ကျိတ်ပြီးရှိုက်ငိုနေတဲ့ ကိုယ်လေးကို ရင်ခွင်ထဲမှီစေကာ ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေသည်။
အဖြစ်ဆိုးလိုက်တဲ့ သခင်မလေးရယ်....ဝမ်လေးခမျာ ဘယ်လောက်တောင်အားငယ်နေရှာမလဲ...။
ဒေါ်သူဇာမှာလဲ ငယ်စဉ်ထဲက ရိပေါ်တို့မောင်နှမကို သားသမီးနဲ့မခြားစောင့်ရှောက်ခဲ့သည်မို့ ရှိုက်ကာငိုနေမိတော့သည်။ထိုစဉ် အသုဘချဖို့ ကိစ္စတွေကို စီစဉ်နေသည့် ရှောင်းကျန့်အား ကူညီနေသည့် တာတေမှ
"မသူဇာ...ခန..."
"အေး...လာပြီ..."
လှမ်းခေါ်တဲ့ တာတေတို့အနီးကို ဒေါ်သူဇာရောက်သွားတော့
"မသူဇာ....ခင်ဗျားက အဲ့လိုငိုနေတော့ ဝမ်လေးကို ဘယ်လိုလုပ်မှာ..."
"အေးပါ....ငါလဲကလေးတွေကို သနားလွန်းလို့ပါ..."
ဒေါ်သူဇာက ပြောရင်းပင် မျက်ရည်များလည်လာသည်မို့
"ကြီးကြီးကအဲ့လို ငိုနေလို့မဖြစ်ဘူးလေ...အမေလို အဒေါ်လိုဖြစ်နေတဲ့ ကြီးကြီးက ငယ်ငယ့်ကို အားပေးရမှာလေ...ဝမ်းနည်းတာတော့ ဝမ်းနည်းတာပေါ့ဗျာ...ဒါပေမဲ့ ငယ်ငယ့်စိတ်အခြေနေကို ကြည့်ရဦးမယ်မလား...."
မနေသာတဲ့ ရှောင်းကျန့်ကပါ ဝင်ရောက်ပြောဆိုလာသည်မို့
"အေးပါ ငါ့တူရယ်...ကြီးကြီးသတိထားပါ့မယ်..."
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်