ရှောင်းကျန့်လဲ ရိပေါ်နဲ့စကားများပြီး စိတ်ပ်ေါက်ပေါက်နဲ့ ဒေါက်တာကုဝေကိုခေါ်ကာ စားပွဲရုံသို့ ထွက်လာခဲ့မိသည်။
"ဘာတွေဖြစ်နေတာလဲ ရှောင်းကျန့်....ရောက်ထဲက ထိုင်သောက်နေတာ....တော်သင့်ပြီဟေ့ကောင်...."
သူ့ဆီရောက်လာထဲက မျကိနှာမသာမယာနဲ့မို့ ကုဝေမေးမိတော့
"စိတ်ညစ်တယ်ကွာ....ငယ်က အခုရက်ပိုင်းဘာဖြစ်နေမှန်းကိုမသိဘူး....အခုလဲ သူနဲ့စကားများလာတာ...."
"အင်း....ရိပေါ်လေးက ဘယ်လိုဖြစ်နေလို့လဲ....စကားများရအောင်ထိဆိုတော့ ဘာများဖြစ်လို့လဲ....."
"ဒီလိုကွာ...." ကနေ အစချီပြီး ရိပေါ်ဒီရက်ပိုင်းဖြစ်နေတာရော မနက်ကစကားများကြတာရောပါ ကုဝေဆီ ရှောင်းကျန့်ရင်ဖွင့်မိသည်။
"အင်းး....မင်းကလဲကွာ....ချော့မော့ပြီးပြောကြည့်ပေါ့....လူကအားနည်းနေတဲ့အချိန်ဆိုတော့ စိတ်ကပါ ထင်ယောင်ထင်မှားဖြစ်တက်တယ်....ဂရုစိုက်ကွာ...."
"ဂရုစိုက်ပါတယ်....မင်းပေးတဲ့ဆေးတွေလဲ ငါသေချာတိုက်ပါတယ်....ဒါပေမဲ့ ထူးခြားမလာဘူး....အစားလဲ ဟုတ်တိပတ်တိမစားဘူး...ညဘက်တွေဆိုလဲ မအိပ်ဘူးကွာ....ညဦးပိုင်း ငါချော့သိပ်ရင် အိပ်သွားပေမဲ့.....ညတဝက်လောက်ဆို သူနိုးနေပြီ...."
"အေးပါ တအားလဲစိတ်မပူပါနဲ့....ငါနောက်ရက်လာကြည့်ပေးပါ့မယ်...."
ကုဝေကို ရင်ဖွင့်လိုက်ရတာကြောင့် ရှောင်းကျန့်အနဲငယ် စိတ်သက်သာရာရသလို ခံစားလိုက်မိသည်။
ရှောင်းကျန့်အိမ်ပြန်ရောက်တော့ ကြီးစိန်က တံခါးလာဖွင့်ပေးသည်မို့
"ငယ်ရော....ထမင်းဆင်းစားသလား...."
ကြီးစိန်ကမျက်နှာမသာမယာနဲ့ ခေါင်းယမ်းပြလိုက်တော့
"ကျစ်....ငယ်ကကွာ....အခုဘယ်မှာလဲ...."
"အပေါ်မှာဘဲ....မနက်ကတက်သွားပြီးထဲက ပြန်ဆင်းမလာသေးဘူး...."
ရှောင်းကျန့်ဆက်မမေးတော့ဘဲ ကြီးစိန်ကို ခေါင်းငြိမ့်ပြကာ အပေါ်ကိုတက်လာခဲ့တော့သည်။
အခန်းထဲကို ရောက်တော့ ခုတင်ပေါ်မှာ ကျောပေးပြီး အိပ်နေတဲ့ ရိပေါ်အနားကို တိုးကပ်သွားမိတော့ တနေကုန်ငိူထားသည်ထင်။မျက်လူံးတွေလဲ ဖောင်းအစ်ကာ နှာထိပ်လေးကလဲ ရဲနေသည်မို့ မနက်ကစိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိတာကို ရှောင်းကျန့်စိတ်မကောင်းဖြစ်မိသည်။
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်