Chapter 26

882 92 12
                                    

"တွေ့ခဲ့လား အကိုကျန်းချန်နဲ့....ဘာပြောလိုက်သေးလဲ....ကိုတာတေ...."

အိမ်ရှေ့ ရထားလုံးရပ်သံကြားလိုက်ရပြီးနောက် အိမ်ထဲကို လှမ်းဝင်လာတဲ့ တာတေကို ဧည့်ခန်းမှာ ရှောင်းကျန့်နဲ့အတူ ထိုင်နေရင်း ရိပေါ်လှမ်းမေးလိုက်သည်။

"ဟုတ်ကဲ့ သခင်လေး....ညနေ ဆေးရုံကအပြန်ဝင်ခဲ့ပါ့မယ်လို့ ပြောပါတယ်...."

"ဪ....ဆေးရုံထိ လိုက်သွားရတာလား...."

"ဟုတ်ပါတယ်...."

"အင်းပါ....ကိုတာတေလဲ တနေကုန်ပင်ပန်းနေပြီ သွားနားလိုက်ပါဦး...."

ရိပေါ်ကို ဦးညွတ်လို့ အရိုသေပေးပြီး တာတေ ကိုယ့် အခန်းကို ပြန်လာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ ခုတင်ပေါ် ပစ်လှဲချလိုက်ရင်း

"ဟူးးးး.....ဒီရက်ပိုင်း ကံဇာတာတွေ မကောင်းပါလား.....တခုပြီးတခုဖြစ်နေတာဘဲ...."

သခင်လေး ရိပေါ်ရဲ့စေခိုင်းမှုအရ ဒေါက်တာကျန်းချန်ကို ‌အိမ်ကိုသွားပေမဲ့ ဆေးရုံမှာဟု ဆိုသဖြင့် ဆေးရုံကိုလိုက်သွားရသည်။ ဒေါက်တာကျန်းချန်နဲ့‌‌ေတွ့ပြီး သခင်လေးအခေါ်ခိုင်းကြောင်း ပြောနေစဉ် ပုလိပ်အဖွဲ့တွေ ရောက်လာကြသဖြင့် တာတေမျက်နှာတချက်ပျက်သွားရသည်။

ပုလိပ်တွေအနီး ကြာကြာဆက်မနေချင်တာကြောင့် ဒေါက်တာကိုနှုတ်ဆက်ပြီး ပြန်ခဲ့တော့ အက်စပတ်တာက လှမ်းမေးလိုက်တာကို တာတေကြားလိုက်ရသည်။

"သူကဘယ်သူလဲ ဒေါက်တာ...."

အင်စပတ်တာ လျိုဟိုက်ခွမ်းက တာတေကိုကြည့်ရင်း မေးလိုက်တော့

"ကျွန်တော့် မိတ်ဆွေအိမ်ကပါ....ဘာလို့လဲ အင်စပတ်တာ...."

"မေးကြည့်တာပါ....ဒေါက်တာကို လာပင့်တာထင်တယ်...."

"အင်းဆိုပါတော့....ဒါနဲ့ ကျနော့်ဆီလာတာ ဘာကိစ္စများလဲ ခင်ဗျ....ဘာကူညီပေးရမလဲ....ထိုင်ပါဦး...."

ကျန်းချန်သူ့နားနေခန်းထဲက ထိုင်ခုံမှာ အင်စပတ်တာကို နေရာပေးရင်း သူလဲ ဝင်ထိုင်လိုက်သည်။

"လာရင်းကိစ္စကတော့ ဒေါက်တာ ဦးဖုန်းယွဲ့ကိုသိပါသလား...ဒီပုံထဲကလူလေ...."

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now