ရှောင်းကျန့်တယောက် အိပ်ယာထကာ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး ပိုင်လီကြော်ပေးသည့် ထမင်းကြော်နဲ့ကော်ဖီကို စားသောက်ရင်း သတင်းစာဖတ်နေမိသည်။ထိုအခိုက် ချစ်လှစွာသော သူငယ်ချင်းဖြစ်သူ ကျန်းချန်ရောက်ချလာသည်။
"ဟာ ကျန်းချန်စောလှပါလား...လာထိုင်...မနက်စာစားခဲ့ပြီလား...ပိုင်လီ ကျန်းချန်အတွက် ကော်ဖီလုပ်ပါဦး..."
"အင်း..."
တခွန်းသာပြောပြီး စားပွဲခုံမှာဝင်ထိုင်လိုက်သည့် ကျန်းချန်က မျက်နှာမကောင်းလှတာမို့
"ဘာဖြစ်လာတာလဲ ကျန်းချန်....မျက်နှာလဲမကောင်းပါလား..."
ရှေ့မှာချထားတဲ့ ကော်ဖီလက်ကျန်ကို မော့လိုက်ပြီး ကျန်းချန်ကို မေးလိုက်မိသည်။
"ရှောင်းကျန့်....ဝမ်ချင်ဆုံးပြီ..."
"ဘာ!...ဘာပြောလိုက်တယ်...."
မယုံကြည်နိုင်ဟန်နဲ့မေးလာတဲ့ ရှောင်းကျန့်ကို ကျန်းချန်ကြည့်လိုက်ရင်း
"ဟုတ်တယ်....ချောင်းကွေ့ရွာက အထွက်နားလေးမှာ ချောက်ထဲ မြင်းလှည်းပါပြုတ်ကြပြီးဆုံးတာ...."
"ဟုတ်ရဲ့လားကွာ....ဘယ်လိုဖြစ်ရတာတဲ့လဲ..."
"ငါစစ်ဆေးချက်အရ သူမသေခင် တစုံတခုကို ထိတ်လန့်ခဲ့ဟန်တူတယ်...ကြောက်လန့်ပြီးပြေးရင်းနဲ့ ညဆိုတော့ ချောက်ထဲပြုတ်ကြတာထင်တယ်...မနက်လင်းမှ တောထဲမျှစ်ချိုးလာကြတဲ့ လူတွေက လူသေအလောင်ူ၂ခုတွေ့လို့ ဂတ်တဲကို အကြောင်းကြားလာတာ...အခုမော်ကျူရီထဲမှာထည့်ထားတယ်..."
"အင်း...ဖြစ်မှဖြစ်ရလေကွာ စိတ်မကောင်းစရာဘဲ...ဒါထက် ငယ်ငယ်ရောသိပြီးပြီလား...ငယ်ငယ်သိရင် တအားခံစားရရှာမှာ..."
မကြာသေးခင်ကမှ ဆုံထားကြပြီး အခုလို ဝမ်ချင်သေဆုံးရတဲ့အပေါ် ရှောင်းကျန့်များစွာ စိတ်မကောင်းဖြစ်ရပါသည်။
"အခုလောက်ဆို အင်စပတ်တာတွေက သွားအကြောင်းကြားပြီးလောက်ရောပေါ့...မင်းသိအောင်လို့ ဂျူတီထွက်ထွက်ချင်း ငါလာပြောတာ..."
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်