ပါရဂူကြီးဒေါက်တာဘာရတ်ဆင်းနဲ့ ရိပေါ်အခြေနေကို ပြောပြကာ တွေ့ဆုံဆွေးနွေးပြီး ပြန်ထွက်လာတဲ့ ရှောငိးကျန့်တယောက် ခြေပင်မခိုင်နိုင်တော့တာမို့ ကော်ရစ်တာဒေါင့်ချိုးလေးအရောက်မှာ ထိုင်ချလိုက်ရသည်။
"ငယ်ရယ်....ကိုယ်ဘယ်လိုလုပ်ရမလဲကွာ...."
ယောက်ျားရင့်မာကြီးတန်မဲ့ မျက်ရည်တို့စီးကျကာ ဝမ်းနည်းစွာ၊ ယူကျိုးမရဖြစ်စွာနဲ့ ငိူနေမိသည်။ဘေးက ဖြတ်သွားဖြတ်လာလူတွေရဲ့ လှည့်ကြည့်လှည့်ကြည့်လုပ်သွားကျတာကိုတောင် သတိမမူမိအောင်ထိ ရင်ထဲရော ခေါင်းထဲမှာပါ ဒေါက်တာဘာရတ်ဆင်းရဲ့စကားသံတို့က ကြီးစိုးနေမိ၏။
"ပြောရမှာ အားနာတယ်ဗျာ....ကောင်းဆူံးကတော့ မောင်ရင် ညီလေးကို အိမ်ပြန်ခေါ်သွားလိုက်ပါ....ကျနော်တို့အစွမ်းကုန်ကြိုးစားကြည့်ပေမဲ့ လူနာက တိုးတက်လာထပ် ပိုပိုပြီးအခြေနေဘဲဆိူးလာတယ်...."
ကြားလိုက်ရခြင်း ရှောင်းကျန့် ဒေါသဖြစ်စွာ
နဲ့ ခွန်းတုံ့ပြန်မိသည်။"ခင်ဗျား ဆရာဝန်တယောက်လုပ်နေပြီး....စကားကိုဒီလိုလက်လွတ်စပယ်ပြောရသလား....ဘာဆရာဝန်လဲ....ဒီမှာ ဒေါက်တာ ကျုပ်ပြောပြမယ်....ကျုပ်စည်းစိမ်တွေ ကုန်ချင်သလောက်ကုန်ပါစေ....ကျုပ်တက်နိုင်တယ်....ငယ့်ကိုသာ နေပြန်ကောင်းအောင် ကုပေးပါဗျာ...."
ဒေါသအလျောက်ပြောလိုက်မိပေမဲ့ ဒေါက်တာဘာရတ်ဆင်းက ရှောင်းကျန့်ခံစားမှုတို့ကို နားလည်စွာဖြင့်
"လောကမှာ ငွေနဲ့ပေးဝယ်လို့မရတဲ့အရာတွေ အများကြီးပါ မောင်ရင်...ဒီထဲမှာ ကျန်းမာရေးလဲ အပါအဝင်မို့ ဘုရားသခင်စီမံမှုအတိုင်းဘဲ ဖြစ်ရမှာပေါ့....စိတ်ကိုအေးအေးထားပါ...."
ရှောင်းကျန့် ပုခူံးကို ပုတ်ရင်း ဂရုဏာသက်စွာဆိုမိတော့သည်။
ရှောင်းကျန့် စိတ်တိုတိုနဲ့ ဒေါက်တာဘာရတ်ဆင်းကို ပြန်လည်ချေပပြောဆိုပြီး ပြန်လာခဲ့ပေမဲ့ ငယ့်အခြေနေက ဒေါက်တာပြောတဲ့အတိုင်း အားရစရာမရှိပေ။
စိတ်ကိုဘယ်လိုလုပ်အေးအေးထားလို့ရမည်တဲ့လဲ။နှလူံးသားတခုလူံး ဆွဲထုတ်ကာ မီးနဲ့မြှိက်နေသလို ပူလောင်မွန်းကျပ်စွာ ခံစားနေရသည်က ကိုယ်တိုင်သာအသိဆုံး။
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်