တာတေကို ခေါ်ကာ ရိပေါ်နဲ့ရှောင်းကျန့်တို့ ရေတွင်းပျက်ကြီးဆီသို့ ရောက်လာခဲ့ကြသည်။ရိပေါ် ရှောင်းကျန့်မျက်နှာကို တချက်လှမ်းကြည့်လိုက်တော့ စိတ်လှုပ်ရှားနေဟန်ရှိတာကြောင့် ရင်ထဲက သံသယတို့က ပိုမိုကြီးထွားလာရသည်။
"ကိုတာတေ....အဲ့အဖူံးကို ဖွင့်လိုက်ပါ....."
ရှောင်းကျန့်ကိုကြည့်နေရာကနေ တာတေဘက်ကို လှည့်ကာ ရိပေါ်ဆိုလိုက်မိသည်။တာတေက ရိပေါ်အမိန့်ကိုနာခံကာ ခြုံနွယ်ပိတ်ပေါင်းတွေ ဖူံးကာ ဆွေးနေသည့် ရေတွင်းအဖုံးသစ်သားပြားကြီးကို ဂရုတစိုက်နဲ့ ဆွဲဖွင့်လိုက်တော့သည်။
"ဖွင့်ပြီးပါပြီ သခင်လေး...."
ရိပေါ်က ခေါင်းတချက်ငြိမ့်လို့ တာတေကိုလှမ်းအမိန့်ပေးပြန်သည်။
"လှေခါးယူပြီး ခင်ဗျားဆင်းကြည့်ပါ....အထဲမှာ ဘာရှိသလဲသိရအောင်...."
တာတေက မဝံ့မရဲပုံစံနဲ့ ရိပေါ်ကိုကြည့်လာတာကြောင့်
"ရဲရဲသာဆင်းပါ.....ခင်ဗျားဆင်းကြည့်ပြီးရင် ဘာတွေ့ရသလဲပြောမှ သံသယရှိနေတဲ့သူတွေ ယုံကြည်ကြမှာ..."
ရိပေါ်ရဲ့ ခနဲ့သလိုအပြောကြောင့် ရှောင်းကျန့်က အနည်းငယ်စိတ်တိုသွားရကာ
"ငယ်....ကိုယ်လုပ်နေတာက မင်းအတွက်ဘဲ....ရိသလိုထေ့သလိုတွေ မပြောပါနဲ့...."
"ဪ....ဪ....ဟုတ်တာပေါ့....ကျနော့်ချစ်သူက ကျနော့်အတွက်စဉ်းစားပေးရင်း နာမည်လဲကြီး...ဂရုစိုက်ရာလဲ ရောက်တာပေါ့....."
"ငယ်.....မင်း....ထားလိုက်တော့.....ငါမသိချင်တော့ဘူး....ကိုတာတေ ဆင်းဖို့မလိုတော့ဘူး....ပြန်ပိတ်လိုက်ပါ....."
စေတနာကို စော်ကားရက်လေခြင်းဆိုတဲ့ အတွေးကြောင့် နာကြင်ရသလို ရိပေါ်ရဲ့ မထီမဲ့မြင်ပုံစံကြောင့်လဲ ဒေါသထွက်ရသဖြင့် ရှောင်းကျန့် ရေတွင်းအဖုံးကို ပြန်ပိတ်ခိုင်းလိုက်မိတော့သည်။
စကားဆက်ပြောနေရင် ရန်ဖြစ်ရမှာကြောင့် ရှောင်ထွက်ကာ အိမ်ထဲသိူ့ ပြန်ရန်လှည့်ထွက်လိုက်တော့
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်