Chapter 4

1.5K 154 8
                                    

      အလွန်တရာမဲမှောင်လျက် မိုးတဖျောက်ဖျောက်ကြနေသည့် သန်းခေါင်ယံအချိန်ဖြစ်၍ လောကကြီးတခုလုံးက ကမ္ဘာပေါ်၌သက်ရှိများ ပျောက်ကွယ်နေသည့်အလား တိတ်ဆိတ်ငြိမ်သက်လို့နေပေသည်။

        မိုးမခမြိုင်စံအိမ်ကြီးမှာ လူသူနဲ့လဲအလှမ်းမနီးသလို သစ်ပင်ကြီးငယ်တို့ကလဲ အုပ်အုပ်ဆိုင်းဆိုင်းမို့ မိုးနဲ့အတူပါလာတဲ့ လေသံတဖြောဖြောက ကြက်သီးထဖွယ်ရာ အတိဖြစ်လို့နေပေသည်။

       ယိုယွင်းပျက်စီးစပြုနေပြီ ဖြစ်သော မိုးမခမြိုင်ရဲ့ ခြံအနောက်ဘက်ရှိ သံတံခါးကြီးကိုဖြတ်ကာ မိုးထဲလေထဲတွင် မဲမဲသဏ္ဌာန်တခုက အိမ်မကြီးဆီသို့ လာ‌ေန‌ေပသည်။

          ထိုအခိုက်တွင် စံအိမ်ကြီးရဲ့ နောက်ဖေးတံခါးတချပ်က ပွင့်လာပြီး မီးအိမ်ကိုမြောက်လိုက်ကာ

"ဘယ်နှယ့်လဲ တာတေ....သခင်မလေးစုံစမ်းခိုင်းတာ အဆင်ပြေခဲ့ရဲ့လား....သခင်မလေးတို့စောင့်နေတယ် သွားလိုက်ဦး...."

          တာတေက မိုးကာ ကို ချွတ်လိုက်ပြီးမှ  ဒေါ်သူဇာရဲ့အမေးကို

"ပြေတယ်ဘဲ ထားပါတော့...."

           မျက်နှာပေါ်မှ မိုးရေတို့ကို လက်နဲ့သုတ်ပြီး အသံသြသြကြီးနဲ့ ဖြေကာ သခင်မလေးတို့ရှိရာသိူ့ လာခဲ့လိုက်သည်။

             ဧည့်ခန်းက ဆိုဖာခံုထိပ်မှာ ထိုင်နေတဲ့  သခင်မလေးဝမ်ချင်ကို အရိုအသေပြုလိုက်တော့

"ဘယ်လိုအခြေနေရှိလဲ...."

"ဟုတ်ကဲ့ ....သခင်မလေးစစ်ဆေးခိုင်းသလို မေးမြန်းပေမဲ့ ဘာမှမထူးခြားပါဘူး...."

               တာတေရဲ့အပြောကြောင့် ဝမ်ချင်ရယ်လိုက်မိသည်။

"ဘာ....အတော်ခေါင်းကြောမာတဲ့ အဘွားကြီးပါလား....ပစ်ထားလိုက်....ဘယ်လောက်ကြာကြာ ခေါင်းမာနိုင်မလဲ ကြည့်ကြတာပေါ့...."

               ဘေးခုံမှာထိုင်နေတဲ့ ရိပေါ်လေးကတော့ မျက်နှာမကောင်းလှချေ။တကယ်ဆို ထိုသူနဲ့ဆိူင်မှမဆိုင်ဘဲ.....မဆိုင်တဲ့လူကို အပစ်ပေးတာက အလုပ်မဟုတ်ဘူးလို့ထင်မိသည်။ထို့ကြောင့် အမဖြစ်သူကို

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Donde viven las historias. Descúbrelo ahora