Chapter 9

1.1K 121 29
                                    

ငယ်ငယ်ရဲ့မျက်နှာလှလှကို တွေ့မြင်ချင်တဲ့စိတ်ကြောင့် နေ့လည်စာစားပြီးနောက် မိုးမခမြိုင်သို့ ရှောင်းကျန့်ထွက်လာခဲ့မိသည်။မိုးမခမြိုင်ခြံရှေ့ရောက်တော့ ကုန်းကုန်းကွကွနဲ့ ခြံထဲကို ကြည့်နေတဲ့ လူတယောက်ကို မြင်တာကြောင့်

"ဟေ့လူ...ခင်ဗျား ဘာလုပ်နေတာလဲ...."

ရှောင်းကျန့်အသံကြားတော့ ထိုလူကနောက်ကိုလှည့်လိုက်တော့မှ ဟိုတနေ့က ဈေးထဲမှာ တွေ့ခဲ့တဲ့အရူးကြီး ဖြစ်နေသည်။

"ငါလား...သရဲလာကြည့်တာ....မင်းလဲ ကျင်းယွဲ့ပြန်လာလို့ လာခဲ့တာလား....ဟီး..ဟီး...."

"ကျင်းယွဲ့က ဘယ်သူလဲ...."

"ကျင်းယွဲ့လား....သရဲလေ..သရဲ....ဟား ဟားး....ကျင်းယွဲ့ပြန်လာပြီ ကျိန်စာတွေပြန်ရောက်လာတော့မယ် ပြန်ရောက်လာတော့မယ်....."

ရှောင်းကျန့်ကြောင်ကြည့်နေတုန်းမှာဘဲ အရူးကြီးက ပြန်ပြေးထွက်သွားသည်မို့ ဘာမှထပ်မမေးလိုက်ရတော့ပေ။ထို့နောက် ခြံထဲဝင်မလို့ ပြန်လှည့်လိုက်တော့ မတ်တပ်ကြီးရပ်နေတဲ့ တာတေက

"အကိုလေးရှောင်းကျန့်.... သခင်မလေးတော့ မရှိပါဘူး...."

"ငယ် အဲ...ရိပေါ်ရော ရှိလား...."

"ဟုတ်...သခင်လေးတော့ ကျန်ခဲ့ပါတယ်....အထဲဝင်ပါ...."

တာတေခြံတံခါးဖွင့်ပေးတာကြောင့် ဝင်မလို့ပြင်ပြီးမှ အရူးကြီး ထွက်သွားတဲ့လမ်းကို တချက်လှမ်းကြည့်လိုက်မိသေးသည်။ရှောင်းကျန့် တာတေကို ကြည့်လိုက်ပြီး....

"ကိုတာတေ....ခုနကလူကြီးပြောသွားတဲ့ ကျင်းယွဲ့ဆိုတဲ့လူက ဘယ်သူလဲ....ဘယ်ကပြန်လာတာလဲ...."

ရှောင်းကျန့်မေးလိုက်တော့ တာတေရဲ့ မဲနက်နေတဲ့မျက်နှာကြီး တချက်ပျက်သွားရကာ

"ကိုယ်နဲ့မဆိုင်တာတွေ မစပ်စုပါနဲ့ အကိုလေးရှောင်း...."

ထိုသို့ပြောပြီး လှည့်ထွက်သွားတဲ့ တာတေကိုကြည့်ရင်း ရှောင်းကျန့်သိချင်စိတ်တို့ ပိုမိုပြင်းပြလို့လာရသည်။

လူဆိုတဲ့အမျိုးက မသိချင်နဲ့ဆို ပိုလို့စပ်စုကြသည်မဟုတ်လား။အခုတော့ ငယ်ငယ့်မျက်နှာတော်နုနုကိုသာ မော်ဖူးမို့အတွက် စံအိမ်ကြီးသို့သာ ထွက်လာခဲ့လိုက်တော့သည်။

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now