Chapter 54

718 62 5
                                    

ရန်ကုန်မှ တစ်ရက်နဲ့ နေ့တပိုင်းနီးနီး ခရီးပြင်းနှင်မိအချိန်မှာတော့ ရှောင်းကျန့်ရဲ့ ဗန်တလေကားနက်လေးက မိုးမခမြိုင်စံအိမ်ရှိရာတောင်ကုန်းပေါ်သို့ ကွေ့တက်လာခဲ့သည်။

ကံကောင်းသည်လား ကံဆိူးသည်လားမသိ။လာခဲ့တဲ့လမ်းတလျှောက်လုံး ရိပေါ်လေးကတော့ တုပ်တုပ်မျှမလှုပ်ပေ။အစားစာကြွေးဖို့လဲ ရှောင်းကျန့်မနိုးရဲပါ။သူတို့ခရီးထွက်လာတာသိလျှင် ဟိုဝိဉာဉ်က တနည်းနည်းနဲ့ဒုက္ခပေးလာနိုင်သညိမလား။ကိုယ့်ကို အန္တရာယ်ဖြစ်အောင်လုပ်တာက ကိစ္စမရှိပေမဲ့ ချစ်ရသူလေးကိုတော့ ဘာအကြောင်းနဲ့မှ ထိခိုက်နာကြင်မှုမရှိစေချင်ပါ။

"သခင်လေး...."

ရင်ခွင်ထဲမှ ရိပေါ်မျက်နှာနွမ်းနွမ်းလေးကို တမေ့တမောစိုက်ကြည့်ရင်း အ‌တွေးများနေခိုက် အရှေ့ခန်းမှ ဒါရိုက်ဘာရဲ့ ခေါ်သံတိုးတိုးကြောင့် ရှောင်းကျန့်ပတ်ဝန်းကျင်ကို ငဲ့ကြည့်မိတော့ မိုးမခမြိုင်ခြံရှေ့သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ဆောင်းနေညိုရဲ့ အလင်းဖျော့ဖျော့အောက်မှာ နီညိုရောင် တိုက်ခံအိမ်ကြီးတလူံးက ချုံနွယ်ပိတ်ပေါင်းတွေကြားမှာ အရှင်သခင်မဲ့စွာ အထီးကျန်ဆန်လို့နေပေသည်။တဖက်မှာရှိတဲ့ မိုးမခပင်အိုကြီးကြောင့် ပိုပြီးမှိုင်းညို့နေသယောင်။ခုတ်ထွင်ရှင်းလင်းမထားတဲ့ မြက်ပင်ရိုင်းတို့နဲ့ ဝါညိုလုလုသမ်း‌ေနတဲ့ရွက်ဝါကြွေ‌တို့ကလဲ ခြံထဲလမ်းသွယ်လေးအတိုင်း ဖြန့်ကျက်စွာနဲ့ပင်မို့ ကြည့်ရသူရင်ထဲမှာ လေးလံထိုင်းမှိုင်းစိတ်ကို ဖြစ်ပေါ်စေသလို ကြောက်ရွံ့စရာလဲကောင်းနေပြန်သေးသည်။

ယခင်လာခဲ့ဖူး‌ေနခဲ့ဖူးစဉ်အခါများနဲ့ ဘာမှမဆိုင်တော့အောင်ပင် ရှောင်းကျန့်တို့မရှိတဲ့တလအတော်အတွင်းမှာ မိုးမခမြိုင်စံအိမ်ကြီးက ယိုယွင်းပျက်စီးနေချေပြီ။

မိုးမခမြိုင်စံအိမ်ကြီးကို လှမ်းကြည့်နေရင်းမှ ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တော့ ဒါရိုက်ဘာက ကားပေါ်မှ ဆင်းပြီးခြံတံခါးကို ဖွင့်ကာ ကားမောင်းဝင်လာခဲ့တော့သည်။

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now