နံစော်နေတဲ့ ရေတွေနဲ့ ထိတွေ့ထားရတာကြောင့် ရေပါတခါထဲ ချိုးလိုက်ပြီး အဝတ်စားအမြန်ဝတ်ကာ စိတ်အခြေနေမကောင်းတာရော ကြောက်လန့်နေတာပါ ခံစားနေရတဲ့ ရိပေါ်ရှိရာ အမြန်ပြန်လာခဲ့သည်။
"ကိုယ့်အချစ်....မြန်တယ်မလား....ကိုယ်အဝတ်စားလဲလာတာ...."
သူချပေးထားခဲ့တဲ့အတိုင်း ခုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်ပြီး စောင့်နေတဲ့ ရိပေါ်ကို ကြည့်ရင်း ပြောလိုက်သည်။
ရိပေါ်ပြံုးပြီးခေါင်းငြိမ့်ပြလိုက်တော့ ခုတင်ပေါ် ဘေးတစောင်းဝင်ထိုင်လိုက်ပြီး
"စိတ်ကောက်ပြေသွားပြီပေါ့....ဟုတ်လား ကောက်တေးလေး...."
ပြောလိုက်မှ သူစိတ်ကောက်နေတာကို သတိရသွားကာ
"ဘယ်သူက ကောက်နေလို့လဲ...စိတ်ကောက်ရအောင် ကျနော်က မိန်းကလေးမှမဟုတ်တာ"
မျက်စောင်းထိုးပြီး အကြည့်လွဲသွားတဲ့ ကောင်လေးကို ကြည့်ရင်း ရှောင်းကျန့်အသဲယားလာတာကြောင့်
"ဟုတ်လား....ဘယ်ကကောင်လေးလဲမသိဘူး....ခုနက ကိုယ့်ရင်ခွင်ထဲ အတင်းတိုးဝင်လာတာ...."
ပါးဖောင်းဖောင်းလေးကို ဆွဲညစ်ရင်း ရှောင်းကျန့်ပြောလိုက်တော့
"အဲ့ဒါကတော့ ကြောက်တာကို....ဘာလဲ ခင်ဗျားက မကြိုက်ဘူးလား....ရတယ် အဲ့ဒါဆို မထိနဲ့...."
သူ့လက်ကို ဖယ်ချကာ မျက်ဝန်းလေးတွေက စူးလက်ကာ ရန်တွေ့လာတဲ့ ကောင်လေးက တဖက်ကို မျက်နှာလွဲသွားတာမို့ နဖူးဆံစပ်ကို လေနဲ့တချက်မှုတ်လိုက်တော့ ဖျတ်ခနဲမော့ကြည့်လာခဲ့သည်။
ရိပေါ်လက်ဖျားလေးကို ဆွဲယူကာ တမြတ်တနိုးနဲ့ နမ်းရှိုက်ရင်း
"မင်းကို ထိတွေ့ချင်လွန်းလို့ ရူးနေတဲ့လူပါ ငယ်ရယ်....သူတော်စင်လဲမဟုတ်သလို သူယူတ်မာလဲမဟုတ်တဲ့ ကိုယ်က မင်းကို မြတ်နိုးလွန်းတာကြောင့် မထိခိုက်စေချင်တာ ငယ်ရဲ့...."
ရီဝေနစ်မျောသည့် အကြည့်တို့နဲ့ စီးမိုးငုံ့ကြည့်ရင်း တဖြည်းဖြည်းနီးသထက် နီးကပ်လာသည့် ဝင်သက်ထွက်သက်တို့ကြောင့် ရိပေါ်မျက်ဝန်းအစုံကို ယောင်ယမ်းလို့ မှိတ်ချလိုက်မိသည်။
YOU ARE READING
မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ခ်စ္ပုံျပင္)
Horrorသဘာဝလွန်လေးရေးကြည့်ချင်လို့ Zawgyiရော Uniရောဖတ်လို့ရပါတယ်နော်