Chapter 37

629 58 10
                                    

        ညို့မှိုင်းနေသည့် မိုးသားတိမ်လိပ်တို့ကြောင့် ညနေခင်းဖြစ်ပေမဲ့ မှောင်စပြုနေပြီ။ခုတင်ပေါ်မှာ ခေါင်းအုံးကိုကျောမှီပြီး နေတဲ့ ရိပေါ်ကတော့ လိုက်ကာတွေဖယ်ထားတဲ့ မှန်ပြူတင်းတံခါးကနေ မိုးစက်တွေကိူ ငြိမ်ပြီး ငေးနေမိသည်။

          ငယ်စဉ်ထဲက မိဘတွေမရှိတော့တာကြောင့် အမဖြစ်သူက အမေလိုအမလို ဂရုစိုက်ပြီး အပူပင်ကြောင့်ကြကင်းစွာ ထားခဲ့ခြင်းဖြစ်သည်။မမဆုံးပါးသွားပြီးနောက်ပိုင်း သူတယောက်ထဲ ရပ်တည်ဖို့ အင်အားမရှိခဲ့သည်က အမှန်ပင်။

         ဒါပေမဲ့ ကံကြမ္မာက ဝမ်ဝမ်ကိုပစ်မထားခဲ့ပါဘူး။သိပ်ချစ်ပြီး အလိုလိုက်ဂရုစိုက်ပေးတဲ့ အကိုနဲ့ဆုံစည်းပေးခဲ့သည်။အခု အကိုရဲ့  ရင်ခွင်ရိပ်အောက်မှာ ဝမ်ဝမ်လုံခြုံနွေးထွေးရပါသည်။

        ဝမ်ဝမ့်အတွက် ပထမဆူံးဆိုတဲ့ အရာတွေကို အကိုကအပိုင်သိမ်းယူခဲ့သလိူ အကို့ရဲ့ ပထမ‌ဆူံးတွေကလဲ ဝမ်ဝမ့်အတွက်ဘဲဖြစ်ခဲ့သည့်အတွက် ကြေနပ်မိသည်။အကိုလို အဖေလို ချစ်သူလိုချွဲနွဲ့မှီခိုအားထားလို့ရတဲ့ အကိုက  မျက်နှာတချက်အငြိုးမခံဘဲ ဝမ်ဝမ့်ကိုသိပ်ချစ်ပါသည်။

        အကို့အကြောင်းစဥ်းစားပြီး ပြုံးနေရာကနေ မနေ့ညကကိစ္စတွေ ပြန်တွေးမိသွားတာကြောင့် ရိပေါ်မျက်နှာလေးထက် အဝတ်အနီစဖုံးလွှမ်းသွားသလို ရှက်သွေးဖြန်းသွားရသည်။
 
         မနေ့ညက အကို့ကို သူကိုယ်တိုင်ပင် လိုလိူလားလားနဲ့ လက်ခံပေးခဲ့ပေမဲ့ ရှက်မိသည်ကအမှန်ပင်ဖြစ်သည်။ တနေကုန်လဲ အကိုနဲ့မျက်နှာချင်းမဆိုင်ရဲပေ။အဲ့ဒါကြောင့် အပြင်သွားသည့် အကိုနောက်ကိုမလိုက်ဘဲ နေလို့မကောင်းတာအကြောင်းပြပြီး နေခဲ့မိသည်။

         ဘေးမှာတောက်တဲ့လိုကပ်နေတဲ့ အကိုမရှိတာကြောင့်ရော မိုးကလဲခပ်ဖွဲဖွဲကျနေတာကြောင့်ပါ ပေါင်းပြီး ပျင်းနေတာမို့ အောက်ထပ်က ကြီးစိန်တို့နားသွားကာ စကားစမြည်ပြောရင်း အကိုငယ်ဘဝကအကြောင်းလေးတွေ မေးကြည့်ဖို့ ရိပေါ်အောက်ဆင်းလာခဲ့သည်။

"ကလေးလေး နေမကောင်းဘူးလား...."

       ရိပေါ်ကိုတွေ့‌တွေ့ချင်း မေးမြန်းလာတဲ့ ကြီးစိန်အား

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now