Chapter 17

941 91 35
                                    

       ပြန်လာခဲ့တဲ့ လမ်းတလျှောက် နှစ်ယောက်သားစကားမဆိုဖြစ်ကြ‌ဘဲ အပြင်ကရူခင်းကို ငေးကြရင်း အ‌တွေးကိုယ်စီနဲ့လိုက်ပါလာကြသည်။

        ဘေးက ငြိမ်နေတဲ့ကောင်လေးကို ရှောင်းကျန့်တချက် ငဲ့ကြည့်လိုက်တော့ မျက်လုံးလေးတွေ မှေးစင်းကာ အိပ်ချင်နေသည့်ပုံမို့ ခန္ဓာကိုယ်ငယ်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"အိပ်တော့ ....ပင်ပန်းနေပြီ..."

       ဟန်ပင်မလုပ်နိုင်တော့ဘဲ သူ့ရင်ခွင်ထဲ အိပ်ပျော်သွားသည့် ရိပေါ်လေးကြောင့် နှုတ်ခမ်းအောက်ကမှည့်နက်လေး ထင်းသွားရသည်အထိ ရှောင်းကျန့်ပြုံးလိုက်မိသည်။

        ရင်ခွင်ထဲက ကိုယ်လူံးနွေးနွေးလေးကို အသာထွေးဖက်ထားရင်း နောင်လှိုင်ရွာမှာတွေ့ခဲ့ရသည့် ရသေ့ကြီးအကြောင်း ခေါင်းထဲရောက်လာရသည်။

       ဘာလို့လဲ... မိုးမခမြိုင်ကလို့ပြောလိုက်တာနဲ့ ဝမ်းနည်းကြေကွဲတဲ့အရိပ်အယောင်တွေ ဖြစ်သွားရတာလဲ....။ရသေ့ကြီးက ဝမ်မျိုးနွယ်တွေနဲ့ ပတ်သတ်ခဲ့ဖူးတာလား...။

       တွေးလေဝေးလေဖြစ်ရကာ ရှောင်းကျန့်စိတ်တို့ရှုပ်ထွေးသွားရသည်။သူ့ကိုပြောပြနိုင်တာဆိုလို့ အရူးကြီးတယောက်သာရှိမည်ဖြစ်သည်။အင်း ဟုတ်တယ် အရူးကြီးကို ရှာပြီးမေးကြည့်ရမယ်....ဟုစိတ်ထဲ တေးမှတ်ထားလိုက်တော့သည်။

          ✨✨✨✨✨✨

"ကိုယ်ကျန်းချန်ဆီ ခနသွားလိုက်ဦးမယ်...ငယ်လိုက်ဦးမလား..."

      သူ့အခန်းထဲထိရောက်လာပြီး အပြင်သွားဖို့ပြောလာတဲ့ ချစ်သူကို ကြည့်ရင်း

"ဟင့်အင်း...မလိုက်တော့ဘူး....အကိုသွားစရာရှိရင်သွားလေ..."

"ဟုတ်ပါပြီ...ငယ်ဘာစားဦးမလဲ...ကိုယ်အပြန်ဝယ်ခဲ့ပေးမယ်လေ..."

      ဖတ်လက်စ စာအုပ်ကိုဘေးသို့ချလိုက်ပြီး ရှောင်းကျန့်မျက်နှာကိုမော့ကြည့်ကာ

"တော်ပါပြီ အကိုရဲ့...မမှာတော့ပါဘူး...မိုးတော့မချုပ်ဘူးမလား..."

"အင်း...ကိုယ်နောက်ကြတဲ့အထိ မနေပါဘူး...ခနပါဘဲ..."

"ဟုတ်....ညစာစားဖို့ စောင့်နေမှာနော်..."

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now