Chapter 19

895 89 17
                                    

    နောက်တနေ့မနက်မှာတော့ ထမင်းစားခန်းထဲတွင် ထိုင်နေကြရင်း မနေ့ညကအဖြစ်ပျက်များကို ပြောဆိုနေကြသည်။ထိုစဉ် ဒေါ်သူဇာမှ စားသောက်ဖွယ်ရာများကို လာရောက်ချရင်း

"အဲ့တော့ ဝမ်လေးတို့ သရဲကို မြင်လိုက်ရတယ်ပေါ့...."

"ဘာလဲ ကြီးကြီးက မြင်ဖူးချင်လို့လား...."

      ပိုင်လီက ခပ်နောက်နောက်ဝင်မေးလိုက်တော့

"အမလေးးး....ကြားရတာနဲ့တင် ကြက်သီးထလွန်းလို့ပါအေ....မြင်သာမြင်လိုက်ရင် လိပ်ပြာလွင့်မလားဘဲ...."

       ပုခုံးကိုတွန့်ကာ ကြောက်သလိုပြောနဲ့ပြောပြီး ဒေါ်သူဇာမီးဖိုခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

        သူ့မျက်နှာချင်းဆိုင်မှာ မနက်စာကို စိတ်မပါသလိုထိုင်စားနေတဲ့ ရိပေါ်ကိုတချက်ကြည့်ကာ

"ငယ်....ပြီးရင်ကိုယ်တို့ ခြံထဲလမ်းဆင်းလျှောက်ကြမလား....နေစာလဲလှုံရင်းပေါ့...."

"အင်း....ကောင်းသားဘဲ....သွားကြမယ်လေ...."

       နှစ်ယောက်သားမနက်စာစားပြီးနောက် ခြံထဲကိုလမ်းလျှောက်ကြရင်း စံအိမ်ကြီးရဲ့ အနောက်ဘက်ကို ရောက်လာတော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ လွှမ်းခြုံနေသည့် ရေတွင်းပျက်ကြီး တခုကိုမြင်လိုက်ရသည်မို့

"ဒီရေတွင်းကြီးက မသူံးတာကြာပြီထင်တယ်...."

        အဖူံးပါပိတ်ထားတဲ့ရေတွင်းကြီးကိုကြည့်ကာ ရှောင်းကျန့်မေးလိုက်မိတော့ ရိပေါ်လေးက

"ဟုတ်တယ် အကိုရဲ့....ရေတွင်းကြီးက ကန်းသွားတာတဲ့.....ဟိုးအရင် အဖိုးတို့တုန်းက သူံးခဲ့ကြတဲ့ ရေတွင်းလို့ပြောတယ် အကို...."

"ဪ..."

      ရှောင်းကျန့်ခေါင်းငြိမ့်ပြရင်း ရိပေါ်ပြောတာကို နားထောင်နေမိသည်။

"ငယ်....မနေ့ညက ကိစ္စကပေါ့လို့မရဘူးနော်....တခုခုတော့ ဒီအိမ်မှာရှိနေပြီ....ငယ်တို့စံအိမ်အ‌ကြောင်းကို သိသလောက် ကိုယ့်ကိုပြောပြပါလား..."

      ထိုစကားကြားတော့ ရိပေါ်မျက်နှာလေးမဲ့ကျသွားရကာ ခေါင်းလေးတယမ်းယမ်းဖြင့်

မိုးမခမြိုင်မှ ချစ်ပုံပြင်(မိုးမခၿမိဳင္မွ ချစ်ပုံပြင်)Where stories live. Discover now