🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲
🌷 အပိုင်း - ၆ 🌷ရာဇသံရ သေရည်မူးပီး အိပ်ပျော်နေတဲ့ အရှင့်သားကို ကြည့်ပီး သက်ပြင်းချလိုက်မိသည်။ မုစလိန္ဒသမီးတော်ဆီ သွားပီး ပြန်လာထဲက အသဲကွဲဒဏ်ရာကို သေရည်အိုးထဲ စိမ်ရင်း ဖြေသိမ့်နေတာ ဒီနေ့ပါနဲ့ဆို သုံးရက်ရှိပီ ဖြစ်သည်။ ညီလာခံ လဲ သွားမတက်တာမို့ အရှင့်သား အပြစ်ဖြစ်ပီး ထပ်ဒဏ်ပေးခံရမှာ စိုးရိမ် ကာ သတိပေးတော့လဲ ဂရုပင်မစိုက်တာမို့ ဦးရီးတော် ကန္တာရ နဲ့ သူသာ ရင်မောရသည်။
" ရာဇသံရ.... ။"
နောက်ကျောဘက်မှ ပေါ်ထွက်လာသည့် ဦးရီးတော် ကန္တာရ အသံကြောင့် ရာဇသံရ လှည့်ကြည့်ရင်း ဦးညွှတ်ကာ အရိုအသေ ပြုလိုက်သည်။ ဦးရီးတော် က သလွန်ထက်တွင် သေရည်မူးပီး အိပ်ပျော်နေသည့် အရှင့်သားကို သဘောမကျသလို စိုက်ကြည့်ရင်း သက်ပြင်းလေးတွဲ့စွာ ချကာ အိပ်ဆောင်ထဲမှ ပြန်ထွက်သွားသဖြင့် သူ အရှင့်သားကို စောင်ခြုံပေးကာ ဧည့်ခန်းဆောင်ထဲ လိုက်လာခဲ့သည်။
" မိဖုရားခေါင်ကြီး နဲ့ အိမ်ရှေ့စံက ကိုယ့်အပစ်ကို ထောင့်စေ့အောင် စောင့်ကြည့်နေတဲ့ အချိန် န၀က ဒီလို မိုက်မဲစရာလား။ နဝ ဘာဖြစ်နေတာလဲ မင်း သိလား ရာဇသံရ ။"
" သိပါတယ် ဦးရီးတော် ။ ဒါပေမဲ့ ဦးရီးတော် သိချင် အရှင့်သားကိုပဲ မေးလိုက်ပါ။ ကျွန်တော် အရှင့်သား ခွင့်ပြုချက်မရှိပဲ မပြောနိုင်ပါဘူး။"
ဦးညွှတ်ရင်း ပြတ်သားစွာ ပြောလာတဲ့ ရာဇသံရ စကားကြောင့် စစ်သူကြီးကန္တာရ ခေါင်းငြိမ့်ကာ ရာဇသံရ ကို ကြည့်မိသည်။ ရာဇသံရ ဆိုတာ န၀ သေဆိုသေ ၊ ရှင်ဆိုရှင် လူယုံရင်း။ ကိုယ်ရံတော်ဆိုတာထက် ညီအစ်ကိုလို ပေါင်းဖက်လာကြတာ ငယ်စဉ်ထဲကမို့ သံယောဇဉ် က မနည်း။
" န၀ နိုးလာရင် ငါ့ဆီ လွှတ်လိုက်။ "
" စိတ်ချပါ ဦးရီးတော် ။"
ရာဇသံရ ထွက်ခွာသွားတဲ့ ဦးရီးတော် ကို လှမ်းကြည့်ရင်း ဘေးမှ အစောင့်တစ်ယောက်ကို အနားခေါ်လိုက်ကာ မိဖုရားခေါင်နန်းဆောင် နဲ့ အိမ်ရှေ့စံ နန်းဆောင်ကို အခြေအနေ စောင့်ကြည့်ရန် ခိုင်းလိုက်သည်။ ဒီလို အခြေအနေသာ မြင်ရင် အဘယ်မျှ သူ့ရှင်ကို ချောက်တွန်းလိုက်မလဲ။
++++++++++++++
အိမ်ရှေ့စံနန္ဒရ နန်းဆောင်ထဲ ၀င်လိုက်သည်နှင့် သူ့ကို ပြုံးရွှင်စွာ စောင့်နေသည့် မယ်မယ့်ကို မြင်လိုက်ရသည်။ သူ မယ်မယ့်အနား ၀င်ထိုင်လိုက်ရင်းမှ...