အချစ်ဖြင့် လွမ်းစေ

8.7K 137 1
                                    

!!!  သီရိသိင်္ဂဟတိုင်းပြည် !!!
{  မင်းခေါင်ထွဋ်တင်ဘုရင် စိုးစံသည့် ကာလ }

ရဲမက်တို့ စောင့်ကြပ်လာသည့် အမတ်ကြီးစည်သူသိင်္ခသည် အနောက်မှ ရံရွေတော်တစ်ဦး သယ်ဆောင်လာသည့် လင်ဗန်းထဲမှ ခွက်တစ်ခွက်ကို ကြည့်ရင်း စိတ်ဆင်းရဲနေရကာ ဖြစ်နိုင်လျှင် ဆွဲပင် သွန်ပစ်လိုက်ချင်သည်အထိပင် ဆန္ဒပြင်းပြနေရသည်။ ညီလာခံမှာကော နားနေဆောင်မှာပင် ကြိမ်ဖန်များစွာ အသနားခံခဲ့ပေမယ့် မင်းတို့စကား မိုးကြိုးသွားပမာ အမိန့်ကို ဖယ်ရှားခြင်း အလျဉ်းမရှိတာမို့ သူ့အနေနဲ့ ဘာမှ မတတ်နိုင်တော့ပေ။ အဆောင်တစ်ခုရှေ့ ရောက်သွားသည်နှင့် ခြေလှမ်းတွေက ရပ်တန့်သွားရကာ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။

" တောင်နန်းစံ မိဖုရား မယ်မဒီ အမိန့်တော် နာခံစေ။"

မယ်မဒီ ပုဝါတော်ကို ကိုယ်ပေါ်မှာ တင့်တယ်အောင် လွှားလိုက်ရင်းမှ အထိန်းတော် နဲ့အတူ အဆောင်အောက်ကို ဆင်းကာ မင်းမိန့်သယ်ဆောင်လာသည့် အမတ်ကြီးစည်သူသိင်္ခရှေ့ တွင် ဒူးတုပ်ထိုင်ချလိုက်သည်။

" မင်းခေါင်ထွဋ်တင် ဘုရင် မင်းတရားကြီး၏ အမိန့် ။ တောင်နန်းစံမိဖုရား မယ်မဒီသည် မိဖုရားခေါင်ကြီးကေသရီအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသဖြင့် အဆိပ်တစ်ပန်းကန် မကုန်မချင်းသောက်စေ။"

" အမလေး.... မယ်မယ်ဘုရား။"

ဘေးမှ အထိန်းတော်၏ အလန့်တကြား အော်သံကို ကြားပေမယ့် မယ်မဒီ တုန်လှုပ်ခြင်းမရှိပဲ ပြုံးလိုက်မိသည်။ အချစ်ဆုံး မိဖုရား အဖြစ်ကနေ နေ့ချင်းညချင်း သေဒဏ်ကျ ရာဇ၀တ်သား ဖြစ်သွားတာ မြန်လွန်းသည်မို့ တရားရမိသလို မောင်တော့် အချစ်ကိုလဲ နာကြင်မုန်းတီးမိသည်။ စိတ်မကောင်း ဖြစ်နေပုံရတဲ့ အမတ်ကြီးကို မော်ကြည့်လိုက်ရင်းမှ...

" သားတော် ကို အပ်ပါတယ် အမတ်ကြီး။ စောင့်ရှောက်ပေးပါ။"

" စိတ်ချပါ မယ်မယ်။ မင်းသားကို ကျွန်တော် မျိုး အသက်နဲ့လဲပီး ကာကွယ်ပေးပါ့မယ်။"

သူ့စကားအဆုံး စိတ်ချယုံကြည်သလို ပြုံးသွားရင်းမှ အရှေ့ က အဆိပ်ခွက်ကို တွေဝြေခင်း မရှိပဲ မော့သောက်လိုက်သည့် မိဖုရားမယ်မဒီ။

အချစ်ဖြင့် လွမ်းစေ( Complete) Donde viven las historias. Descúbrelo ahora