Part - 39နဝဧကရာဇ် အိပ်မောကျနေသည့် သားတော်လေးကိုငုံ့ကြည့်ရင်းမှ မထိရက်မကိုင်ရက် ဖြစ်နေရသည့် အဖြစ်။ ကြည့်စမ်းပါဦး ....ဒါဟာ သူ့ရဲ့ ရင်သွေး သားတော်လေးတဲ့လား။ ဘေးမှာ မှေးအိပ်နေသည့် အစောခမျာလဲ ဖြူဖျော့နေတာမို့ သူ စိုးရိမ်စွာ လက်ဖဝါးလေးအား လှမ်းကိုင်ရင်းမှ...
" အစော....နေလို့အဆင်ပြေရဲ့လား။ တစ်ခုခု နာကြင်ရင် ချက်ချင်းပြောနော်။ "
သူ့လက်ကို ပြန်ဆုပ်ကိုင်လာပေမယ့် မျက်ဝန်းတို့တော့ ပွင့်မလာပဲ ဆက်မှေးအိပ်နေတာမို့ သူ သဘောကျစွာ ပြုံးမိသွားသည်။ သားရော အမေပါ ငုံ့နမ်းလိုက်ရင်းမှ သူ့ဘဝဟာ ခုမှ မိသားစုလေး ဖြစ်လာခဲ့ပြီ။
အစော ပင်ပန်းလွန်းသလို မောပန်းလွန်းသည်မို့ မျက်ဝန်းတို့ပင် မဖွင့်နိုင်အောင်ပင်။ ဆုပ်ကိုင်ထားသည့်လက်ဟာ ယခုလို မီးဖွားချိန်တွင် အားအင်အဖြစ် တမ်းတမိခဲ့တာတော့ အမှန်ပင်။သူ သိပ်ပျော်နေမှန်းသိသလို သားတော်လေးကို ချစ်မဝ ဖြစ်နေမှန်းလဲ သိပေမယ့် သူ့အပြစ်ကိုတော့ အစော ခွင့်လွှတ်မှာ မဟုတ်ချေ။
အစော အိပ်ပျော်သွားပြီအထင်နှင့် ကလေးမြူပေးနေရင်း သူလဲ ညအတော်မိုးချုပ်မှ အရေးကြီးကိစ္စပေါ် လာကာ နန်းဆောင် ထပြန်သွားသည်။ ကြည့်ရတာ အမတ်တွေ တစ်ခုခု လျှောက်တင်ရန် လာ၍ ထင်ပါရဲ့။ သို့သော် ဒီအချိန်ကပင် အစောအတွက် အခွင့်အရေး မဟုတ်လား။
" မယ်ဇီ ဝင်လာခဲ့စမ်း။ "
အခန်းတွင်းဝင်လာသည့် မယ်ဇီ့ကို အစော ငေးကြည့်ရင်းမှ အနားသို့ တိုးထိုင်ခိုင်းကာ ခပ်တိုးတိုးဖြင့်......
" မယ်ဇီ ရာဇသံရ ကို စွန့်ပစ်နိုင်လား။ အစော အတွက် သေရဲလား။ "
တွေဝေခြင်းပင် မရှိပဲ ခေါင်းငြိမ့်လာသည်မို့ အစော ပြုံးမိသွားကာ အိပ်ပျော်နေသည့် သားတော်လေးကို ငေးကြည့်လိုက်သည်။ ရင်ခွင်ထဲ ပွေ့ချီလိုက်ရင်းမှ ဖိကပ်နမ်းရှိုက်မိတော့ မျက်ရည်က ကျလာရသည်။
မယ်ဇီ့လက်ထဲ လွှဲပြောင်းချီခိုင်းလိုက်ရင်းမှ မုစလိန္ဒ တံဆိပ်ပြားပါ ထည့်ပေး၍.....