🌷 အပိုင်း - ၂၈ 🌷စပ်ခွန်မှိုင်း ခုထိ သတိပြန်မရသေးသည့် ကေသာ့ကြောင့် ဘေးမှ ဆေးဆရာကို ကြည့်တော့လဲ မျက်နှာကလုံး၀ မကောင်း။ ဆေးရည်ကျိုခိုင်းထားသည်မို့သာ ဆေးကျိူနေရပေမယ့် သူ့မှာ စိတ်မဖြောင့်စွာ ဆေးကုနေသည်ကို သွားသွားကြည့်ရတာ အမော။ ခုလဲ ဆေးကျိူပြီး ယူလာရင်း ကေသာ့ကို ကြည့်လိုက်မိတော့ မျက်နှာက သွေးရောင်လေး ပြန်လွှမ်းလာပြီမို့ ၀မ်းသာသွားရသည်။
" ဆရာ.... အခြေအနေ ဘယ်လိုရှိလဲဟင်။"
" ကလေးပျက်ကျသွားပြီ လူလေး။ ခါးကို လွှဲရိုက်ခံရတဲ့ ဒဏ်ရာက အရမ်းပြင်းတယ်။ ပြီးတော့ ကိုယ်၀န်ဖျက်ဆေးတွေပါ ၀င်ကုန်တော့ ကလေးက ဘယ်လိုမှ အသက် မရှင်နိုင်တော့ဘူး။ မိခင်တောင် ကံကောင်းလို့ မသေတာ။ "
စပ်ခွန်မှိုင်း ရင်ထဲ ဟာဆင်းသွားရကာ သတိလစ်နေဆဲ ဖြစ်သည့် ကေသာ့မျက်နှာလေးကို စိတ်မကောင်းလွန်းစွာ ငေးကြည့်မိသည်။ ကေသာ့မှာ ကိုယ်၀န်ရှိနေခဲ့တာလား.... ဒါကြောင့် အိမ်ရှေ့စံနန္ဒရ က န၀ရဲ့ ရင်သွေးမို့ မရမက ဖျက်ချခြင်း ဖြစ်မည်။ သူ့ ကို အားကိုးတကြီး လှမ်းခေါ်ပေမယ့် သူ အချိန်မီရောက်မလာနိုင်ခဲ့လို့ ကေသာဒီလောက် အဖြစ်ဆိုးသွားတာပဲ။ သူ့ကြောင့်... သူ့ကြောင့် ဒီလို ဖြစ်ရတာပါ။
န၀ မင်းသား အသက်ရှင်နေတာ သိလျှင် ကေသာ အရမ်း၀မ်းသာသွားမှာ သူ သိသည်။ ပြီးတော့ ကေသာ သာ အစ်ကို ဖြစ်သူကို တားနိုင်လျှင် န၀ အသက်ဘေးမှ ကင်းနိုင်လိမ့်မည်။
" ဆေးကို သေချာ၀င်အောင်တိုက်ပါ။ အသက်အန္တရာယ်ကင်းပေမယ့် ကြင်ယာတော်က အရမ်းအားနည်းနေတယ်။"
ကြင်ယာတော် ဆိုသည့် အပြောကြောင့် စပ်ခွန်မှိုင်း အလန့်တကြား ဆေးဆရာကို ကြည့်လိုက်မိသည်။ ဆေးဆရာက သူ စိုးရိမ်သည်ကို သဘောပေါက်ကာ လက်ကာပြရင်းမှ...
" မစိုးရိမ်ပါနဲ့... ကျူပ်က သမားတော်ပါ။ စောင့်ထိန်းရမယ့် သမားဂုဏ်တွေကို သိတယ်။ အနာလသဂုဏ် နဲ့အညီ ကျူပ်ကျန်းမာနေတာမို့ လူနာပင့်သူက ဘယ်သူပဲဖြစ်ဖြစ် အပြစ်သားဖြစ်နေရင်တောင် နေ့ညမရွေး လိုက်ကုပေးမှာပဲ။"