🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

1.4K 61 0
                                    


              🌷 အပိုင်း - ၁၀ 🌷

တောအုပ်ထဲ မြင်းခွာသံ တခွပ်ခွပ်ဖြင့် ဓားရှည်ကို ကျစ်နေအောင်ကိုင်ရင်း သွေးတွေပေကျံနေသည့် အသားညိုညို အရပ်မြင့်မြင့် ယောက်ျားတစ်ဦး။ သူ့ မျက်၀န်းတို့က တောအုပ်တစ်ခွင် လှည့်ပတ်ကြည့်နေရင်း စိုးရိမ်တကြီး ပုံစံကလဲ အပြည့်။

ထိုယောက်ျား သည် ရာဇသံရ ။

ဗန္ဓူ ရဲ့ ဦးတည်ရာ အတိုင်း လိုက်လာရင်း နောက်ဆုံး မြင်းခွာရာတွေက ဒီတောအုပ်ထဲ ဦးတည်၀င်သွားသည် မို့ သူပါ လိုက်၀င်လာခြင်းပင်။ ပီးတော့ ဗန္ဓူ ရဲ့ ခွာရာတွေဘေးမှာ လူခြေရာလဲ တွေ့သည်မို့ သူ အရှင့်သားအတွက် စိတ်ပူသည်။

ဘိုးတောင်ပ မြေးဖြစ်သူ မလိခ ကို လှမ်းကြည့်လိုက်ရင်း ခုတင်ပေါ်မှာ သတိလစ်နေသည့် လူကိုလဲ ဆေးကုပေးရင်းမှ အကဲခတ်နေမိသည်။

" ဘိုး... ဒီလူက လူဆိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"

" ဒီလူက သာမန်နှယ်နှယ်ရရ လူ မဟုတ်ဘူး မြေးမလိ။ ဒီလူ့ အင်္ကျီ ခါးပတ်ကြိုးကိုကြည့်စမ်း။ ဒါ ရွှေချည်နဲ့ လုပ်ထားတာ။ ရွှေချည်ထိုးခါးပတ်ဆိုတာ မင်းညီမင်းသားတွေပဲ ၀တ်ဆင်ခွင့်ရှိတာ မြေး ။ "

" ဒါဆို ဒီလူက မင်းသားပေါ့။"

ဘိုးတောင်ပ ပြုံးလိုက်မိရင်းမှ....

" မင်းသားတောင် ရိုးရိုးမင်းသားမဟုတ်ဘူး မြေး။ နယ်မြေအားလုံးရဲ့ ဦးသျှောင်ဘုရင် ဖြစ်လာမယ့် မင်းသား။ သူ့ လက္ခဏာကို ဘိုး ကြည့်ပီးသွားပီ။"

ဘိုးတောင်ပက ဆေးကုတတ်ရုံမက ဗေဒင်မှာလဲ
ဣရုဗေဒင်ကျမ်း  - နေကြတ်လကြတ်အခါကို ဟောသောကျမ်း
သာမဗေဒင်ကျမ်း - နေလ နက္ခတ် တို့ ၏ သွားလမ်းကို ဟောသောကျမ်း
အာထဗ္ဗဏဗေဒင်ကျမ်း - ပြုစားသောနည်းကို ဟောသောကျမ်းတို့ကို အကုန်တတ်ကျွမ်းသူပီပီ သွင်ပြင်လက္ခဏာ ကို ကြည့်ပီး တန်းပြောလာသည်။

" ဘိုးတို့ ခစားရမယ့် မင်းပဲ မြေး။ "

မြေးအဖိုးနှစ်ယောက် ကျောပြင်မှ ဓားဒဏ်ရာကို ဆေးလူးကာ ပတ်တီးစည်းပေးပီး အိပ်ယာပေါ်ပြန်လှဲချရန် ပြင်နေစဉ်မှာပင် မလိခ၏ လည်ပင်းထက် အေးစက်စွာ ထိကပ်လာသည့် ဓားဦး...

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now