Part - 31

186 5 0
                                    

Unicode....

သားအဆင်ပြေရဲ့လား...

ကျတော်....

ငြင်းတော့မဲ့ဆဲဆဲမှာပင် သက်တန့်ငယ် ပြောထားတဲ့စကားကို သူသတိရလိုက်မိတယ်...

" စီနီယာ ဘာပဲဖြစ်ဖြစ် မိသားစုကိုရင်ဖွင့်ပါ "

မျက်ရည်တွေကျလာတဲ့ ကမ္ဘာမြေက ထောင်ထားတဲ့ ဒူးနှစ်ဖက်ပေါ် ခေါင်းမှောက်လိုက်ကာ..

" ကျတော် အဆင်မပြေဘူး အမေ..ကျတော် လုံးဝ အဆင်မပြေဘူး..ကျတော့်ရင်တွေ ပေါက်ကွဲထွက်တော့မယ် "

" သားလေးရယ် မင်း အဲ့ကောင်လေးကို အရမ်းချစ်တာပဲ "

" ပြောပြစရာတောင်မလိုပါဘူး အမေရယ် "

အမေ့ရင်ခွင်ထဲမှာ တရှုံ့ရှုံံ့ငိုနေတဲ့ကမ္ဘာမြေသည် အရင်ကမ္ဘာမြေနှင်ခြားနားစွာ... ဒီကောင်လေးအတွက်နဲ့ သူမသားလေး မိဘစကားကိုနားမထောင်ဘူး..ပြီးတော့ ငိုတယ် ပြုံးတယ်..ငယ်ငယ်ထဲကသိပ်မငိုတတ်သော ကမ္ဘာမြေသည် ဒီကောင်လေးနဲ့ကျမှ မခံစားနိုင်လွန်းလို့မျက်ရည်ကျပါသည်တဲ့..စိတ်ထဲကပြောလိုက်မိတာက..

" မေမေ တောင်းပန်ပါတယ် သားရယ် "

ညဘက် အိပ်ရာပေါ်မှာထိုင်နေတဲ့ကောင်ငယ်လေးက မိုးကောင်ကင်ကြီးကိုလှမ်းကြည့်နေတယ်..ကြယ်လေးတွေကမှိတ်တုတ်မှိတ်တုတ်နဲ့...ငယ့်ချစ်ရသူ့ကြီး အဆင်ပြေရဲ့လားမသိဘူးလို့ ထိုကောင်လေးတွေးနေတယ်..

" ဖေဖေနဲ့မေမေ ကျတော်ဆုံးဖြတ်တာမှန်ရဲ့လားဟင်..ကျတော့်ရဲ့ကမ္ဘာမြေကြီးကို ထိခိုက်အောင်လုပ်မိသွားသလား... "

မနက်စာစားပွဲဝိုင်းမှာ မိသားစုတွေဆုံနေပေမဲ့ ကမ္ဘာမြေကမလာ...

" မိန်းမ ကမ္ဘာမြေ ဘာလို့မလာသေးတာလဲ "

" သမီးသွားခေါ်ပြီးပြီ အဖေ..ကိုကိုကလာမယ်လို့ပြောတယ်..သမီးထပ်သွားခေါ်ပေးရမလား "

" ဟိုမှာ လာနေပြီ "

မနက်စာစားပွဲမှာထိုင်နေတဲ့ကမ္ဘာမြေ့မျက်နှာကဖောင်းအစ်နေတယ်..တိတ်ဆိတ်နေတဲ့ မနက်စာစားချိန်မှာ ကမ္ဘာမြေကပဲစကားစလိုကတယ်...

My Little symphony ( U + Z ) Where stories live. Discover now