ရုတ်တရက်ထအော်လာသော မိုးကမ္ဘာ ကြောင့် ကမ္ဘာမြေ သူမပြောမှာကို စောင့်နေမိသည်..
" ဒီနားက Baby breath ပန်းခင်းလေ "" ဘာ....ဘာ ပန်း "
" Aww...အကိုတော်ရယ် တုံးလိုက်လေရဲ့..အကိုညီမကို အခြောက်ခံခိုင်းတဲ့ အဖြူရောင်ပန်းလေးတွေကို baby breath လို့ခေါ်တယ် "
" Aww "
" နားထောင်..အဲ့ပန်းခင်းအကျော်က အဖြူရောင်နှစ်ထပ်အိမ်ကြီးမှာတွေ့ခဲ့တာ "
" ဟမ်...အဲ့အိမ်ကြီးက ပိတ်ထားတာလေ "
" imm.. ဒါပေမဲ့ ဟိုနေ့က အဖွားပြောတာတော့ သူတို့က ဒီနှစ်မှ အသစ်ပြောင်းလာကြတာတဲ့ "
" ကျေးဇူးပဲ အငယ်မရေ "
အဝါရောင်အကွက်အင်္ကျီကိုဝတ်ဆင်ထားသော ကမ္ဘာမြေ သည် တစ်မျိုးကြည့်ကောင်းနေတာ သေချာပါသည်..Baby breath ပန်းစည်းကိုကိုင်ကာ အိမ်ကြီးကိုရပ်ကြည့်နေသော ကမ္ဘာမြေ အချိန်အတန်ကြာခဲ့ပြီ..ဘာအရိပ်အယောင်မှမတွေ့ရ..ကြည့်နေရင်း မြင်ကွင်းထဲကိုဝင်လာသော ကောင်ငယ်လေးပုံရိပ်ကြောင့် ကမ္ဘာမြေ ဝမ်းသာသွားသည်..
ထိုကောင်လေးက ပြတင်းပေါက်မှ ဟိုဘက်ကိုလှမ်းကြည့်နေသည်..ကမ္ဘာမြေ ထိုကောင်လေးအား သူ့ကိုမြင်စေချင်ပါသော်လည်း ဘယ်လိုခေါ်ရမယ်မှန်းမသိပါ..ဒါကြောင့် ထိုကောင်လေး မြင်မည့်အချိန်ကိုသာစောင့်နေရသည်.ရုတ်တရက် သူ့ကို လှည့်ကြည့်လာသောကောင်လေးကြောင့် ကမ္ဘာမြေ ဘာလုပ်ရမှန်းမသိဖြစ်သွားသည် ..ခြံတံခါးရှေကို ပြေးလာတဲ့ ထိုကောင်လေးကို ကမ္ဘာမြေငေးကြည့်နေမိသည်..ဝဲလွင့်နေသော အညိုရောင် ဆံနွယ်လေးတွေနဲ့ ထိုကောင်ငယ်လေးသည် ကမ္ဘာမြေ့မျက်ဝန်းထဲဝယ် တစ်မျိုးလေးဖြစ်နေပါသည်..
သံတိုင်တွေခြားကာမြင်နေရသော ထိုဖြူဖြူသေးသေးကောင်လေးကို ကမ္ဘာမြေ ပန်းစည်းပေးလိုက်သည်.." မတွေ့ရတာကြာပြီ "
လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်က အရောင်မဲ့နေသော ထိုကောင်လေးမျက်ဝန်းတွေသည် အရောင်လဲ့လာခဲ့သည်..
" မင်းပိန်သွားတယ်..ကိုယ်သတိရနေတာ..ကိုယ့်နာမည် ကမ္ဘာမြေ လေ..မင်းသိတယ်မလား..ကိုယ့်ကိုမှတ်မိလား "
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈