Unicode...
နောက်ကနေဆီးအော်လိုက်တဲ့လေပြည်ညှင်းကတံခါးဝမှာရပ်ကာလက်မှာလည်းအထုပ်နှစ်ထုပ်နဲ့....
" ပါတီလေးစကြမယ်!!! "
ညဆယ်နာရီဆိုတဲ့နာရီကိုကြည့်ပြီးတဲ့နောက်မှာသူ့ပုခုံးပေါ်အိပ်နေတဲ့လေပြည့်ခေါင်းကိုဖယ်ကာဆိုဖာပေါ်မှာမိုးကမ္ဘာပုခုံးပေါ်အိပ်နေတဲ့သူ့ကောင်လေးရှိရာကိုသူလျှောက်လာခဲ့တယ်...ဒီအရူးကောင်လေပြည်က Beer ပါနည်းနည်းဝယ်ခဲ့တာမို့လို့ ကမ္ဘာမြေလည်းရိပ်ရိပ် ရိပ်ရိပ်နဲ့မူးချင်နေသည်..ဒါပေမဲ့ သက်တန့် မင်းဆက်နဲ့ မိုးကမ္ဘာ တို့ကမသောက်...
မိုးကမ္ဘာပုခုံးပေါ်အိပ်နေတဲ့ကောင်ငယ်လေးကိုဆွဲချီလိုက်ကာ လှေကားပေါ်တက်လာခဲ့တယ်..လှေကားနားရောက်ပြီးနည်းနည်းလျှောက်သွားမိတော့ကမ္ဘာမြေ့ရင်ဘတ်ကအက်ျီစကစိုစွတ်လာတယ်...
" ငယ် "
" ကျတော် တောင်းပန်ပါတယ်..စီနီယာတို့မိသားစုကိုခက်ခဲအောင် စီနီယာ့ကိုလူဆိုးဖြစ်အောင်လုပ်မိလို့ကျတော်အနူးအညွတ်တောင်းပန်ပါတယ်... "
ပုခုံးကိုဖက်ကာရှိုက်ငိုလာတဲ့ကောင်ငယ်လေးကိုကမ္ဘာမြေချော့ဖို့လက်မအား...
" မငိုနဲ့ အားလုံးကိုယ်အဆင်ပြေအောင်လုပ်ပေးမယ်..မင်းဘဲကိုယ့်အနားကထွက်မသွားနဲ့.. "
ရှိုက်သံတွေစိတ်လာတဲ့ကောင်ငယ်လေးကြောင့် ကမ္ဘာမြေရဲ့တစ်ညတာဟာတစ်ဖန်မိုးလင်းခဲ့ရတယ်.......
မီးပင်လယ်မကလို့
ဓားတောင်ပါကျော်ရင်ကျော်မယ်...
မင်းမျက်ရည်တွေနဲ့ဆိုရင်....
ကိုယ် တကယ်အဆင်မပြေဘူး ငယ်...." Ahhh!!! "
ကျယ်ပြောလှတဲ့အော်သံနက်ကြီးကြောင့်မင်းဆက်ပိုင်နဲ့မိုးကမ္ဘာနိုးလာသည်...
" ဘာ...ဘာလဲ Stephan မင်းငါ့ကို..... "
ဟိုကိုင်ဒီကိုင်လုပ်ကာခန္ဓာကိုယ်ကိုစစ်ဆေးနေတဲ့လေပြည်ညှင်းကို Stephan စိတ်ပျက်စွာကြည့်လိုက်သည်...
" ရူးတယ်လို့ပြောလဲ ဘဝင်မြင့်နေဦးမယ်..အော်မနေဘဲ မျက်နှာသစ်တော့... "

YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈