ခုံပေါကို ဝုန်းခနဲ ပစ်ချခံလိုက်ရတဲ့ ကြယ်ခြွေသူ စာအုပ်တော့မသိဘူး..မိုးကမ္ဘာ တော့ တော်တော်လန့်သွားတယ်..
" အငယ်မ! နင့်စာအုပ်ကြီးကဟာ..ငါမကြိုက်ဘူး..လုံးဝမကြိုက်ဘူး...ပြန်လဲပေး.. "
" စိတ်လျှော့ပါ အကိုရယ် ဒီစာအုပ်က ဆရာမ Lavender_Pen ရဲ့ နာမည်အကြီးဆုံးစာအုပ်လေ.. "
" မရဘူး..ငါ အဲ့အကောင် ရှိုင်းဆတ် ကိုသဘောမကျဘူး "
" ကိုကိုနော် သူများကောင်လေးကို ဘာအကောင်လဲ...ပိုင်စိုးပိုင်နင်းနဲ့.. "
သူ့တုန်းကလိုတလေသံထဲထွက်လာတဲ့ မိုးကမ္ဘာကို ကမ္ဘာမြေက မျက်နှာမဲ့ပြကာ...
" အဲ့မပွင့်တပွင့် ရှိုင်းမာန် ကိုလဲမကြိုက်ဘူး...ငါ့ကိုအခုစာအုပ်လဲပေး "
" ဟုတ်ပါပြီ စိတ်လျှော့ပါ ဘာစာအုပ်နဲ့လဲချင်လဲ "
" ဟိုးကအနီလေးနဲ့ "
အသင်္ခယာစာအုပ်ကိုလက်ညိုးထိုးပြနေတဲ့ကမ္ဘာမြေကြောင့် မိုးကမ္ဘာ ထိုစာအုပ်ကိုယူပေးလိုက်တယ်..
" ရော့ အကိုက ခွန်မင်းဓန နဲ့လိုက်ဖက်တယ် "
( ကြယ်ခြွေသူက ရိပ် သဘောကျတဲ့ တတိယမြောက်စာအုပ်ဖြစ်ပြီး ရိပ်နောက်ဆုံးဖတ်ရင်း သဘောကျမိတာက အသင်္ခယာစာအုပ်ပါပဲ... )
Nature club က ဒီနေ့တော့ လှုပ်ရှားမှုတစ်ခုရှိလာတယ်..သစ်ရွက်ကောက်တာနဲ့ အင်္ကျီဖာတာတဲ့..အင်္ကျီမဖာတတ်တဲ့သူတွေက သစ်ရွက်ကောက်ရတယ်..အင်္ကျီတွေက ဟိုတစ်ပတ် အသင်းခေါင်းဆောင်နှစ်ယောက် မိဘမဲ့ဂေဟာကနေ သွားယူလာတာ..
ပန်းခြံထဲမှာ သစ်ရွက်ကောက်သူကကောက် အင်္ကျီချုပ်သူကချုပ်နဲ့ တာဝန်အသီးသီးလုပ်နေကြတယ်..မိုးကမ္ဘာကလဲ ဟိုနေ့က အမေသင်ပေးလိုက်တာကြောင့် ခုံမှာထိုင်ပြီး အင်္ကျီချုပ်နေတယ်..မင်းဆက်ပိုင်ကတော့ သစ်ရွက်ကောက်တာပေါ့..မိနစ်နှစ်ဆယ်လောက်ပဲ အလုပ်လုပ်ရသေးတယ်..ကိုယ်တော်ချောနှစ်ကောင်ကရောက်လာရော..
ကျောင်းရဲ့ King နဲ့ ကမ္ဘာမြေတို့ဝင်လာတာကြောင့် အသင်းခေါင်းဆောင်နှစ်ယောက်က လှမ်းနှုတ်ဆက်လိုက်တယ်..
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈