Part - 35

238 5 0
                                    

Unicode

မှောင်မဲနေတဲ့အခန်းထောင့်မှာ ဒူးနှစ်ချောင်းထောင်ကာဆံပင်ရှည်တွေနဲ့ဒူးပေါ်မျက်နှာအပ်ထားတဲ့ကောင်ငယ်လေးဆီ ကမ်ဘာမြေမပြေးရုံတမယ်လမ်းလျှောက်သွားလိုက်တယ်..ထိုကောင်လေးရှေ့မှာဒူးထောက်ထိုင်ချလိုက်ကာ ငိုသံရောစွတ်ပြီးအက်ကွဲသံနဲ့သူခေါ်လိုက်တယ်...

" ငယ် "

ချက်ချင်းခေါင်းထောင်ကြည့်လာတဲ့ကောင်လေးမျက်နှာကမဲသဲနေရော...

" ငယ်....... တကယ်ပဲ "

" စီ......စီနီယာလား..... "

ငိုရှိုက်နေတဲ့ကောင်ငယ်လေးကိုသူပွေ့ဖက်လိုက်ကာ...

" မဖြစ်နိုင်ဘူး...ကိုယ် ငယ်မဟုတ်ပါစေနဲ့ပဲဆုတောင်းနေတာ..ဘယ်လိုလုပ်..... "

တအားငိုရှိုက်နေတဲ့ကောင်လေးနဲ့အတူ ကမ်ဘာမြေပါမျက်ရည်ကျလာသည်..သူသွားခဲ့တဲ့ခြောက်နှစ်လုံးဒီကောင်လေးကို စိတ္တဇဆေးရုံကအမှောင်ခန်းထဲမှာပိတ်လှောင်ထားခဲ့ကြတယ်..ကမ်ဘာမြေအံကြိလိုက်ကာ...

" တောက်!!!! "

တောက်ခေါက်သံအကျယ်ကြီးကတိတ်ဆိတ်နေတဲ့အခန်းတစ်ခုလုံးကိုလွှမ်းမိုးသွားတယ်..လက်တွေရော ခြေထောက်မှာပါဒဏ်ရာတွေနဲ့ကောင်လေးက...

" သူတို့ ငယ့်ကိုရိုက်လည်းရိုက်တယ်..လျှပ်စစ်နဲ့လည်းတို့တယ်..သူတို့က ငယ့်ကိုပြောတယ်..ငယ့်အမေကငယ့်ကိုရူးသွားစေချင်တာတဲ့..လစဉ်အခန်းခပေးပြီးဒီထဲမှာထားထားတာကအိမ်ပြန်မလာစေချင်တာတဲ့..သူတို့ကအဲ့လိုပြောတယ်..ဒီလက်ကဒဏ်ရာအကြီးကြီးကငယ့်ကိုတုတ်ကြီးနဲ့ရိုက်ထားတာ..စီနီယာသိလား..အရမ်းနာတယ်.. "

ငိုရှိုက်ကာကလေးတစ်ယောက်လို့တိုင်တန်းနေတဲ့သက်တန့်ငယ်ကိုသူဖက်ထားလိုက်တယ်..လက်ဖမိုးသေးသေးလေးပေါ်ကသွေးစတွေနဲ့ဟိုတစ်ခုဒီတစ်ခုဒဏ်ရာတွေကကမ်ဘာမြေ့ဒေါသကိုတောက်လောင်စေသလို ထိုကောင်လေးမျက်ရည်နဲ့ငိုရှိုက်သံတွေကကမ်ဘာမြေ့ရဲ့အမှောင်ဖက်ခြမ်းကိုနှိုးဆွနေသလိုပဲ..

" ကောင်းပြီလေ တန်ပြန်တော့ရှိရမှာပေါ့..မင်းခန့် ငါတို့သွားမယ်..သက်တန့်ငယ် ဆေးရုံကဆင်းမယ်လို့... "

My Little symphony ( U + Z ) Where stories live. Discover now