Part - 39

252 5 0
                                    


Unicode

စောင်ပုံကြားထဲမှာအိပ်ပျော်နေတဲ့ကောင်ငယ်လေးကြောင့်ကမ္ဘာမြေတံခါးဖြေးဖြေးလေးပိတ်ကာအောက်ထပ်ဆင်းလာခဲ့တယ်..မနက်စာစားပွဲကိုရောက်နှင့်နေပြီဖြစ်သော Stephan နဲ့အတူမနက်စာပြင်ဆင်နေသောမိုးကမ္ဘာ....

" ကိုကို လာ.... "

" အငယ်မ နင်အစောကြီးပါလား "

" သက်တန့်ရော... "

" ငယ် အိပ်နေတယ်..သူနိုးလာရင်နွားနို့နဲ့မုန့်ပြင်ဆင်ပေးလိုက်နော်..အခုကစောသေးတယ်..မနှိုးနဲ့ဦး.. "

" ဟုတ်ပါပြီရှင့်..စိတ်ချပါ... "

Metting room ရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ဒေါ်ပန်းသူဇာနဲ့အတူသူမဘေးမှာရပ်နေတဲ့စိန်ပန်းပွင့်...

" ဆုံးရှုံးသွားတဲ့လူကြီးမင်းတို့ရဲ့ရှယ်ယာတွေနဲ့ပတ်သက်ပြီးကျမအနူးအညွှတ်တောင်းပန်ပါတယ်ရှင်... "

" ဘာလဲ ရှယ်ယာတွေဆုံးရှုုံးသွားတာဒီလိုပဲတောင်းပန်လို့ရမလား... "

" ဟုတ်တယ် ကျတော်တို့ရှယ်ယာတွေကိုဘယ်လိုလုပ်ပေးမှာလဲ... "

" ပြန်လျော်ပေးပါ "

အသီးသီးပြောလာကြတဲ့ဥက္ကဌတွေကြောင့်စိန်ပန်းပွင့်က...

" အားလုံးပဲ ကျမက စိန်ပန်းပွင့်ပါ...အားလုံးရဲ့ရှယ်ယာတွေအတွက်ကျမရှယ်ယာအများဆုံးပိုင်တဲ့ CEO ကမ္ဘာမြေနဲ့ဆွေးနွေးပြီးသားပါ..သူကျမတို့နဲ့ပူးပေါင်းပါလိမ့်မယ်... "

ကမ္ဘာမြေက မတ်တပ်ရပ်လိုက်ကာ...

" ရှယ်ယာကိစ္စအတွက်ကျတော်စဥ်းစားပြီးသားပါ..စီမံကိန်းပျက်စီးမှုအတွက်သတင်းစာရှင်းလင်းပွဲရောက်ရင်ရှယ်ယာကိစ္စပါကျတော်စီမံပေးသွားမှာပါ...ဒါဆို ကျတော့်ပြောစရာစကားကအကုန်ပါပဲ..လူကြီးမင်းတို့အားလုံးသတင်းစာရှင်းလင်းပွဲကိုတက်ရောက်ဖို့ပြောချင်ပါသေးတယ်... "

" ကောင်းပြီလေ "
" ကောင်းပြီ "

အများအပြားထောက်ခံပြီးအစည်းဝေးပြီးသွားတဲ့အချိန်စိန်ပန်းက..

" အကိုကမ္ဘာမြေ ကျမတို့နဲ့ခဏလောက်စကားပြောလို့ရမလား "

Coffee သုံးခွက်လာချပေးတဲ့အတွင်းရေးမှူးမလေးထွက်သွားပြီးတဲ့နောက်ဒေါ်ပန်းသူဇာက...

My Little symphony ( U + Z ) Where stories live. Discover now