လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်အထိ ကမ္ဘာမြေ အိမ်မှာထိုင်နေမိတယ်..ယခုမူ ထိုကောင်လေးရှိရာကို သူသွားပါတော့မယ်..ခြံဝန်းအပြင်ဘက်ကနေလှမ်းကြည့်လိုက်တော့ တိုက်ဆိုင်စွာပင် ထိုကောင်လေးကပြတင်းပေါက်မှာထိုင်နေသည်...ကမ္ဘာမြေကိုမြင်တော့ အံ့သြသွားသယောင် မျက်တောင်တွေကိုပုတ်ခတ်လုပ်နေတယ်.မနီးမဝေးတွင်ရှိနေသောထိုကောင်ငယ်လေးကို ကမ္ဘာမြေ ဆွဲဖက်ထားလိုက်ချင်မိသည်..အိမ်ပေါ်ကနေပြေးဆင်းလာသောကောင်လေးက ဖွင့်ထားသောခြံတံခါးကိုဖြတ်ကာ ကမ္ဘာမြေ ဆီပြေးလာသည်..ပြုံးတယ်..ပြီးတော့ စကားစပြောလာတယ်..
" အကြာကြီးရှိနေပြီ "
" ဟမ် "
တိုးနေသောအသံကြောင့်ကမ္ဘာမြေပြန်မေးလိုက်သည်.." စောင့်နေတာ..အကြာကြီးရှိနေပြီ "
မျက်ရည်တွေကျလာသောထိုကောင်လေးအား ကမ္ဘာမြေ ဆွဲဖက်လိုက်တယ်..သေးသေးကွေးကွေးခန္ဓာကိုယ်လေးသည် ကမ္ဘာမြေ့ရင်ခွင်ထဲဝယ် ပျောက်လုမတတ်..ရင်ခွင်မှီအရပ်ကြောင့် သူ့ပုခုံးကိုမှီစေရန် ကမ္ဘာမြေ အနည်းငယ် ကုန်းပေးရသည်..ဆံပင်တွေကိုသပ်ပေးကာ..
" ကိုယ် တောင်းပန်ပါတယ်..တောင်းပန်ပါတယ်နော်..မငိုနဲ့တော့ "
ကမ္ဘာမြေ ခါးပြန်မတ်လိုက်တော့ ထိုကောင်လေးက သူ့ရင်ခွင်နဲ့ကွက်တိ..ရင်ခွင်မှီအရပ်အတိအကျဆိုတာ ဒါမျိုးနေမယ်လို့ ကမ္ဘာမြေ တွေးနေသည်..ထိုင်နေကျအဖြူရောင်ပန်းခင်းကြီးအရှေကခုံတန်းမှာ နှစ်ယောက်အတူထိုင်နေမိတယ်..ထိုသေးသေးကွေးကွေးကောင်ငယ်လေးကို ကမ္ဘာမြေကြည့်မိတော့ ငိုထားတာကြောင့်မျက်နှာတွေနီရဲနေသည်..နှုတ်ဆက်စကားကို ဘယ်လိုပြောထွက်နိုင်ပါ့မလဲ..တစ်နှစ်လောက်ခွဲရတာတောင်သူ့ကိုဖက်ကာငိုနေသောဒီကောင်လေးကို သူဘယ်လိုနှုတ်ဆက်ရပါမလဲ..ကမ္ဘာမြေထကာ ဆွဲကြိုးလေးကို ထိုကောင်လေး လည်ပင်းမှာဆွဲပေးလိုက်တယ်.ဆွဲကြိုးလေးကိုကိုင်ကာ ငုံ့ကြည့်လာသောကောင်လေးသည် အံ့သြနေတယ်..
" ဒါက? "
" ဒါက မင်းအကို့ကို ဟိုတစ်ခေါက်က ပေးလိုက်တဲ့ပန်းတွေနဲ့လုပ်ထားတာ "
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈