part - 32

184 4 0
                                    

Unicode

အခန်းထဲကပြတင်းပေါက်တံခါးကိုဖွင့်လိုက်ရင်း တိုက်ခတ်လာတဲ့လေတွေကို ရှုရှိုက်လိုက်မိတယ်..အိမ်ရှေ့ခြံတံခါးကိုကြည့်လိုက်မိချိန် Baby breath ပန်းစည်းနဲ့ ကမ္ဘာမြေကို မြင်ယောင်မိတယ်..ပျောက်ကွယ်သွားတဲ့ပုံရိပ်လေးနဲ့အတူ သက်တန့်ငယ် နာနာကျင်ကျင်ပြုံးလိုက်မိတယ်...

" ဒီနှလုံးသားသေမတတ်နာကျင်နေပါတယ် ချစ်ရသူ "

ဒီအိမ်လေးက မေမေ့ရဲ့အိမ်ဖြစ်ပြီး လူခြေတိတ်ဆိတ်တဲ့မြို့လေးမှာတည်ရှိတယ်..ငယ်ငယ်ကအမေနဲ့အတူခဏခဏလာလည်ခဲ့ပေမဲ့ မေမေဆုံးသွားတော့ ဒီအိမ်ကိုပိတ်ထားခဲ့တာနှစ်အတော်ကြာခဲ့ပါပြီ..

တံခါးခေါက်ကာ အခန်းထဲကိုဝင်လာတဲ့ဒေါ်ပန်းသူဇာကြောင့် သက်တန့်ငယ် အတွေးစဖြတ်လိုက်ရတယ်..

" သက်တန့်ငယ် အမေနဲ့စကားပြောရအောင် "

" ဟုတ်ကဲ့ "

" မင်းကျောင်းကိစ္စပြောမလို့ပါ "

" ဟုတ်ကဲ့ခင်ဗျ "

" ဟုတ် ပြောပါခင်ဗျ "

" သားကျောင်းပြောင်းမဲ့ကိစ္စလေ အမေကျောင်းပြောင်းလက်မှတ်ယူလာတယ်..ဒါပေမဲ့ သား ညီမလေးနဲ့အတူကျောင်းပြောင်းရမယ်..မေမေစီစဥ်ထားပေးတယ်..အဲ့ဒီမှာ သားအဆောင်နေရမယ် "

" ဗျာ...ချက်ချင်းကြီး "

" ဒါက မေမေ့ဆန္ဒမဟုတ်ပါဘူး..သားဖေဖေဆန္ဒလေးပါ..သားဖြည့်ဆည်းပေးမယ်မလား..သားအဖေကသားကို ပညာဆက်သင်စေချင်တာ "

" ကျတော် "

" Company ကိစ္စကတော့စိတ်မပူပါနဲ့..အမေ company ကို စောင့်ရှောက်ထားမယ်..သား သဘက်ခါလောက်ကျောင်းသွားဖို့အဆင်ပြေရင်ကောင်းမယ်..သားနေဖို့အခန်းကိစ္စတွေဘာတွေအမေစီစဥ်ပြီးသား..စိန်ပန်းကတော့ ဒီနေ့ထဲကသွားပြီ "

" ကျောင်းပြောင်းလက်မှတ်ကရော "

" လက်မှတ်ကဒီမှာ..ဒါဆို သားအသင့်ပြင်ထားနော်... "

လက်ထဲထည့်ပေးလာတဲ့အခန်းသော့နဲ့ကျောင်းပြောင်းလက်မှတ်ကိုကြည့်ကာ သက်တန့်ငယ် သက်ပြင်းချလိုက်မိတယ်..ပြီးတော့..

My Little symphony ( U + Z ) Where stories live. Discover now