Unicode....မနက်စာစားပြီးတော့ Shopping သွားဖို့ပြင်နေတဲ့ကမ္ဘာမြေတို့ဆီမိုးကမ္ဘာရောက်လာတယ်...
" ကိုကိုတို့ဘယ်သွားမလို့လဲ "
" သက်တန့်ကိုလိုတာတွေသွားဝယ်ပေးမလို့ "
" ကောင်းတာပေါ့..ဒါဆိုညီမလေးလဲလိုက်မယ် "
နှစ်ယောက်ထဲသွားချင်သည့်ကမ္ဘာမြေ့ပုံစံကိုမသိသည့်အလားမိုးကမ္ဘာကလိုက်မယ်ဟုသာတဖွဖွပြောနေသည်...
" ကိုကို ခေါ်နော်လို့ "
" မိုး....မိုးကမ္ဘာ နင့်မှာအလုပ်မရှိဘူးလား "
" မရှိလို့ပေါ့ "
ဧည့်ခန်းကခုံမှာကော်ဖီစိန်ပြေတပြေထိုင်သောက်နေတဲ့ Stephan ဆီကမ္ဘာမြေအကြည့်ရောက်သွားသည်..မျက်ခုံးတွေရှုံ့ကာတစ်ခုခုလှမ်းပြောလာတဲ့ကမ္ဘာမြေကြောင့် Stephan သေချာကြည့်ယူရသည်..ဒါပေမဲ့ ဘာပြောနေမှန်းမသိ.....
" Stephan "
" A "
" မင်းမနေ့ကပြောတော့အက်ျီဝယ်ဖို့ရှိတယ်ဆို "
" ဟမ် ?? "
ကြောင်တောင်တောင်ဖြစ်နေသော Stephan ကိုကမ္ဘာမြေမျက်လုံးပြူးပြလိုက်သည်..အဲ့တော့မှအူကြောင်ကြောင်ကိုယ်တော်ချောက....
" Aww aa ဟုတ်တယ် အဲ့တော့ ငါကဘာဖြစ်လို့လဲ "
" မင်းကလဲကွာ...မင်းဒီနားကဆိုင်တွေမှမသိတာ..စျေးသက်သာတဲ့ဆိုင်ကိုငါ့ညီမလေးသိတယ်..မိုးကမ္ဘာ Stephan ကိုခေါ်သွားပေးလိုက်နော်..ကိုကိုတို့သွားပြီ... "
စကားပြန်ပြောချိန်တောင်မရလိုက်..သက်တန့်ငယ်ကိုလက်ဆွဲခေါ်သွားတဲ့ကမ္ဘာမြေက Flash လိုအလျင်နှုန်းနဲ့...တံခါးပိတ်သွားတဲ့နောက်မှာ Stephan ကမိုးကမ္ဘာကိုကြည့်လာသည်....
" မိုး ကျတော်နဲ့....... "
ph လာလို့ Stephan ph ကိုင်လိုက်တော့...
" ကျတော် ဟုတ် အားပါတယ်...ကျတော် လိုက်ပို့ပေးပါမယ်ခင်ဗျ...ဟုတ်ကဲ့... "
" မိုး ကျတော်နဲ့လိုက်မလား "
" ဟမ် "
" ကျတော် အခုပဲ Shopping mall တစ်ခုမှာဟိုဘက်သူဌေးရဲ့သမီးကိုသွားတွေ့မလို့..အဲ့ဒါ မိုး လိုက်ဦး........ "
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈