Part - 6...

318 13 0
                                    

ငယ်ငယ်ထဲက မိခင်၏ ရင်အုပ်မကွာထားရှိမှုနှင့်အတူ ရွှေဇွန်းကိုက်မွေးလာသော သူဌေးသားလေးဖြစ်တာကြောင့် နူးနူးညံ့ညံ့နှင့် ချစ်ဖို့ကောင်းသည်.တခြားသောယောက်ျားလေးတွေလို ကြမ်းကြမ်းတမ်းတမ်းမရှိသောကြောင့် သူ၏မိထွေးနှင့် ညီမဖြစ်သူတို့၏ အနိုင်ယူခြင်းကိုခံရသည်..ပထမတော့ ဖေဖေ့ကိုတိုင်ခဲ့ပေမဲ့ ဖေဖေက အမြဲခရီးတွေသွားပြီး အလုပ်တွေဘဲလုပ်ကာ သူ့ကိုဂရုစိုက်ဖို့မေ့လျော့နေတတ်သည်..ထိုသိုဖြင့် ဖြူစင်သောသက်တန့်ငယ်လေး အရောင်မှေးမှိန်ခဲ့သည်..

ကမ္ဘာမြေ အိပ်ရာထဲ၌ ph နှိပ်နေစဉ် ph ဝင်လာသည်..

" ဟဲလို..ဟုတ် အဆို ကျတော်အခုလာခဲ့ပါ့မယ် "

ချိတ်ထားတဲ့ အစိမ်းရောင်ကုတ်ကိုယူကာ အောက်ဆင်းလိုက်ပြီး..

" ဖေဖေ သားအပြင်သွားလိုက်ဦးမယ်..အခုပြန်လာခဲ့မယ်
ဟယ်လို..လေပြည် ငါနဲ့လိုက်မလား..ငါပစ္စည်းသွားယူမလို့. မင်းကလဲကွာ. ငါတစ်ယောက်ထဲသွားရမှာလား..ပြီးရော.ရတယ်..ဒါပဲ "

ဘူးသေးသေးလေးကိုကိုင်ကာ တိုက်ပေါ်ကဆင်းလာသောကမ္ဘာမြေသည် ပိုက်ဆံဘယ်လောက်ပေးခဲ့ရသည်ကို သူမနှမြောနိုင်ပါ..ပထမဆုံးတခြားတစ်ယောက်အတွက်ဆွဲပေးထားသော သူ့ sketch လေးသည် အပြင်မှာလည်း အသက်ဝင်လာခဲ့တယ်..ဘူးလေးကိုင်ကာ ဈေးထဲဝင်လာရင်း..

" သူခိုး! !! သူခိုး!!!! ကျမပိုက်ဆံအိတ်လုသွားတယ်..ဖမ်းပေးကြပါ!!! "

မျက်စိရှေ့တည့်တည့်ပြေးလာသော သူခိုးဆိုသည့်သူကို ကမ္ဘာမြေ ခြေထိုးခံလိုက်သည်.ဘုန်းခနဲ မြေပြင်ပေါ်ပစ်လဲသွားတဲ့ထိုလူကြီးက ချက်ချင်းထကာ ကမ္ဘာမြေ ကိုဓားနဲ့ရွယ်လာသည်.အနောက်ကပြေးလာတဲ့ ကောင်မလေးလည်း ဓားနဲ့ရွယ်ထားတာကြောင့် ရပ်သွားသည်..

" မင်းကဘာဝင်ရှုပ်တာလဲ.. "

လှမ်းမေးလာသောသူခိုးရဲ့စကားကိုကမ္ဘာမြေပြန်မဖြေ..

"ဟေ့ရောင် ငါမေးနေတယ်လေ "

" ခင်ဗျားအရမ်းစကားများတယ်..ပိုက်ဆံအိတ်ပေးမှာလား "

ကမ္ဘာမြေ နောက်ကိုလှည့်ကာ..
" တစ်ယောက်ယောက် ရဲခေါ်လိုက်ပါ "

My Little symphony ( U + Z ) Where stories live. Discover now