At School,
သုံးယောက်ထိုင်နေသော ကန်တင်းကစားပွဲဝိုင်းလေးတွင် မိုးကမ္ဘာ၏ မရပ်မနားစကားပြောသံများသာကြားနေရသည်..
" အခု သက်တန့်က ငါတို့နဲ့ သူငယ်ချင်းဖြစ်သွားပြီဆိုတော့ ရင်းရင်းနှီးနှီးပဲနေကြမယ်နော်.. ကိုကိုတို့နဲ့လည်း သက်တန့်ကို မိတ်ဆက်ပေးမယ်လေ..ပြောရင်းဆိုရင်းဟိုမှာ ကိုကိုတို့လာနေပြီ "
လက်ရမ်းပြကာ ခေါ်နေတဲ့မိုးကမ္ဘာဆီ ကမ္ဘာမြေနဲ့လေပြည်ညှင်းလျှောက်လာပြီး တစ်ဝိုင်းထဲမှာပဲထိုင်လိုက်သည်..
" ကိုကိုတို့ကိုမိတ်ဆက်ပေးမယ်..ဒါကအခုညီမလေးရဲ့ သူငယ်ချင်းအသစ် သက်တန့်ငယ် တဲ့ "
" သက်တန့် ဒါက ငါ့ရဲ့အကိုအရင်း ကမ္ဘာမြေ ဟိုဘက်က ကိုကို့သူငယ်ချင်း လေပြည်ညှင်းတဲ့..နင်အကို့ကိုမနေ့က အင်္ကျီချုပ်ပေးတယ်လေ..မှတ်မိတယ်မလား "
" တွေ့ရတာဝမ်းသာပါတယ် ညီ "
လက်ကမ်းလာတဲ့လေပြည်ညှင်းကြောင့် သက်တန့်ငယ် မဝံ့မရဲနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်..
" မနေ့က ညီ့ကျေးဇူးကြောင့် အကိုပြိုင်ပွဲထဲရောက်ခဲ့တာ..ညီ့ကိုသေချာကျေးဇူးမတင်လိုက်ရဘူး..အခု ညီစားချင်တာ အကိုဝယ်ကျွေးမယ်လေ "
" မဟုတ်တာ..ရပါတယ်ခင်ဗျ "
" အကို့ကိုအားမနာပါနဲ့..ဒါနဲ့လေ ညီက BBA မေဂျာကလို့ကြားတယ်..စာတွေလိုက်နိုင်ရဲ့လား "
" ဟုတ်..လိုက်နိုင်ပါတယ် "
" မလိုက်နိုင်ရင် ဒီကအကို့သူငယ်ချင်း BBA Roll ( 2 ) ကိုမေးလို့ရတယ်သိလား "
မျက်လုံးလေးလှန်ကြည့်လာသောကောင်ငယ်လေးသည် ကမ္ဘာမြေရဲ့ စူးရှတဲ့မျက်ဝန်းတွေကြောင့် အောက်ပြန်ငုံ့သွားသည်.. ဒါနဲ့ပဲ မိုးကမ္ဘာက..
" အဟမ်း...အဟမ်း အကိုတော်ရေ မျက်လုံးကြီးလည်းကျွတ်ကျသွားဦးမယ် ဖြေးဖြေး.. "
မိုးကမ္ဘာပြောလိုက်မှ ကမ္ဘာမြေသတိဝင်ကာ မျက်လုံးနေရာရွှေ့လိုက်သည်..
" မိုးကမ္ဘာ ကိုကိုဒီနေ့နောက်ကျမယ်..ကိုကိုစာကြည့်တိုက်မှာ ရှာစရာလေးနည်းနည်းရှိလို့..ညီမလေးအရင်ပြန်နှင့်လို့ရတယ်မလား "
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈