စိုးရိမ်စွာ အပြေးလေးတံခါးလာဖွင့်သော အဆောင်မှူးသည် သူတို့အခြေနေကိုမြင်ကာ တံခါးပြန်ပိတ်သွားသည်..လေပြည်ကိုယ်ပေါ်ကကောင်လေးက ချက်ချင်းထလိုက်ကာ..
" ခင်ဗျား ဘာလုပ်တာလဲ "
ရှဲု့မဲ့နေသောမျက်ခုံးတွေ ပိုပြီးရှုံ့မဲ့လာကာသူ့ကိုမေးလာသည်..လေပြည်လည်း မတ်တပ်ထရပ်လိုက်ကာ..
" မင်းကပဲပြန်မေးနေသေးတယ်..ဒါငါ့အခန်းလေ "
" ဒါလည်း ကျတော့်အခန်းပဲ..ခင်ဗျားကဘာလာဖြစ်နေတာလဲ "
" အရိုင်းစိုင်းလေး မင်းအသက်ဘယ်လောက်မို့လို့ ငါ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေတာလဲ "
" အသက်ငယ်တာနဲ့ပဲ ခင်ဗျားကျတော့်ကိုမတရားလုပ်တာခံရမှာလား "
" ဟေ့..ငါမင်းကိုဘာလုပ်မိလို့လဲ.. "
" ခင်ဗျားကြီး မသမာမှုနဲ့ယူလိုက်တာ ကျတော့် First kiss ဗျ.. First kiss "
" shia!!! ဘယ်သူကမသမာမှုနဲ့ယူလိုက်တာလဲ..မင်းမှငါ့စကားကိုဂရုမစိုက်တာ..ငါမင်းကိုဘာမှမလုပ်ရဘူးလား "
ပြောနေရင်း ph ဝင်လာတာကြောင် လေပြည် ph ကိုင်လိုက်သည်..
" A မင်း ph ဆက်တာနဲ့ အတော်ပဲ အလင်းရောင်..ဒီက ငါတို့အခန်းထဲကအရိုင်းစိုင်းလေးကဘယ်ကလဲ.. "
" Aww သူရောက်နေပြီလား..ငါမေ့နေတာသူငယ်ချင်းရယ်..သူကငါ့ညီတစ်ဝမ်းကွဲဟ..ငါတို့အခန်းလဲလွတ်နေတာ..သူက Frist year မို့သူ အိမ်ကငါ့ကိုအပ်ထားတာ.မင်းညီလေးလိုပဲသဘောထားပေးပါကွာ... "
" ကျစ်..မင်းကကွာ..Aa..ဒါပဲ "
Ph ချလိုက်ကာ ထိုကောင်လေးဘက်ကို လေပြည်လှည့်လိုက်သည်..
" ဟေ့ မင်းနာမည် ဘာလဲ "
" မင်းဆက်ပိုင် "
" နာမည်နဲ့လူနဲ့က တခြားစီ.. "
" ဘာ....ခင်ဗျား "
"ငါက လေပြည်ညှင်း "
" သိတယ်..အကိုပြောပြပြီးသား "
" အဆို အဲ့ကောင်က အဲ့ဒီကုတင်ကငါ့ဟာဆိုတာ မပြောပြလိုက်ဘူးလား "
" ကျတော် "
ခေါင်းငုံ့ကာ စဉ်းစားနေသောကောင်လေးကို လေပြည်ရပ်ကြည့်နေလိုက်သည်..
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈