အခုထိ ဆံပင်အညိုရောင်အရှည်တွေကို ကမ္ဘာမြေ လွမ်ဆွတ်နေဆဲပါ...
မနက်ပိုင်းအတန်းချိန်ပြီးသည်နှင့် Training ဆင်းရန် Baskeball club သို့ ကမ္ဘာမြေ ရောက်လာခဲ့တယ်..
" ကမ္ဘာမြေ "
" ဟုတ် စီနီယာ "
အသင်းခေါင်းဆောင် လှမ်းခေါ်တာကြောင့် ကမ္ဘာမြေ ထူးလိုက်သည်..
" ဒီနှစ်ပထမနှစ်တွေအတွက် ကလပ်ထဲဝင်ဖို့စာရင်းတွေကောက်ရမယ်..အဲ့ဒါ မင်းစာရင်းပေးကောင်တာမှာ တစ်ရက်လောက်ရပ်ပေးလို့ရမလား "
" ဟုတ်ကဲ့ ရပါတယ် "
" ဒါဆို မနက်ဖြန် BBA Major ရှေက စာရင်းပေးကောင်တာကို သွားပေးနော်.. "
" ဟုတ်...ကျတော်နဲ့အတူ ဘယ်သူပါမှာလဲ "
" မပါလောက်ဘူးထင်တယ်..လေပြည်က နောက်နေ့မှလာမယ်တဲ့ "
ခေါင်းညိတ်လိုက်ပြီးတော့ ကမ္ဘာမြေ ဘောလုံးသာဆက်ကစားနေလိုက်သည်..
ရပ်နေရသောခြေထောက်တွေလည်း ညောင်းလို့ပင်သေတော့မယ်..အခုထိ ထိုင်ခုံကိုမတွေ့ရသေးသော စာရင်းကောင်တာကို ကမ္ဘာမြေ စိတ်ကုန်နေမိသည်..တန်းစီနေသော စာရင်းပေးသူမိန်းကလေးတွေကပြုံးကာ တီးတိုးပြောနေကြသည်..ဟိုးအဝေးကလာနေသောကောင်မလေးကို ကမ္ဘာမြေ လှမ်းကြည့်နေလိုက်တယ်..ထိုကောင်မလေးက Swimming club ကိုသွားကာ စာရင်းပေးရန်လုပ်နေသည်..ကမ္ဘာမြေ မျက်မှောင်ကြုတ်လိုက်မိသည်..
" ဒါ မိုးကမ္ဘာ မလား.. "
သူ့ကိုဂရုမစိုက်စွာ Swimming club က ကောင်လေးတွေကို သရည်တမြားမြားနဲ့ကြည့်နေတဲ့ သူ့ညီမကို သူနားရင်းအုပ်ချင်လာမိသည်..ဒါကြောင့် သူ Swimming club နားသွားကာ..
" မိုးကမ္ဘာ! "
လှည့်ပင်မကြည့်သောသူ့ရဲ့ချစ်လှစွာသောညီမလေးလက်ကိုဆွဲလိုက်သည်..
" ဟဲ့ မိုးကမ္ဘာ "
လှည့်ကြည့်လာသော မိုးကမ္ဘာက...
" ကိုကို...ဟီး "
သွားဖြဲပြနေသော ထိုကောင်မလေးခေါင်းကို တချက်နာနာခေါက်ပစ်လိုက်သည်..
" ဟာ.. ကိုကို ဘာလုပ်တာလဲ "
" Swimming club မှာဘာလုပ်နေတာလဲ "
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈