Unicode..လက်တွဲပြီးပြန်လာတဲ့နှစ်ယောက်က အပြုံးပန်းတွေဝေနေခဲ့တယ်......
" ဘာ!! မိုးကမ္ဘာ ကိုကို့ကိုအခုမှပြောတာလား "
ဧည့်ခန်းကခုံမှာထိုင်နေရင်းကမ္ဘာမြေအော်လိုက်တာကြောင့်မိုးကမ္ဘာတုန်ပါတုန်သွားသည်....
" ကိုကို.....အဲ့ဒါက..... "
" မင်းကဘာလို့အာပြဲကြီးနဲ့အော်နေတာလဲ..သိပြီးသားကို... "
" သိပြီးလဲအဲ့လောက်ပဲမြန်ရလားဟ "
" ဟေ့ရောင် ငါခြောက်နှစ်ကြီးများတောင်စောင့်ခဲ့တယ်လေ... "
" အငယ်မ "
" ဟုတ် "
" စီနီယာ..... "
လက်မောင်းကိုလာကိုင်တဲ့သက်တန့်ငယ်လေးကသနားကမားမျက်နှာလေးနဲ့....
" ဟူး အငယ်မ အခုတော့ငါကလူဆိုးကြီးဖြစ်ပြီ "
" ဟုတ်တယ် ကိုကို...ကိုကိုက ရုပ်ရှင်ကားထဲကမင်းသားနဲ့မင်းသမီးကိုခွဲတဲ့ဗီလိန်နဲ့တူတယ် "
" ငါနင့်အကိုနော်.....မိုးကမ္ဘာ!!! "
" ဟီး "
" ကောင်းပြီလေ Stephan မင်းငါ့ညီမလေးကိုကောင်းကောင်းဂရုစိုက်မှာလား..ဒီကောင်မလေးကတစ်ခါတလေဆိုဆိုးတယ်နော် "
" ကိုကို....... "
" ငါမိုးအပေါ်ထားတဲ့စိတ်ကိုမင်းအသိဆုံးပါ "
" ဒါဆို ငါ့ညီမလေးကိုစောင့်ရှောက်ပေးပါကွာ "
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးနေကြတဲ့ Stephan နဲ့ မိုးကမ္ဘာ....
နှစ်ပတ်ကြာသော်......
ရုံးခန်းထဲကိုခပ်သွက်သွက်ဝင်လာတဲ့မင်းခန့်ကကမ္ဘာမြေကိုတစ်ခုခုတိုးတိုးလေးပြောလိုက်တယ်..ကမ္ဘာမြေကမဲ့ပြုံးပြုံးလိုက်ကာ..
" ကောင်းပြီ လုပ်ငန်းစလိုက်တော့ "
Phoenix company အိမ်ယာသစ်တည်ဆောက်ရေးစီမံကိန်းပျက်စီးဟူသောခေါင်းစဥ်အကြီးကြီးနဲ့သတင်းစာထိပ်စီးမှာပါလာတာကိုစိန်ပန်းပွင့်မယုံနိုင်ဖြစ်နေမိသည်..သူ့အမေကိုချက်ချင်း Ph ဆက်ကာ..
![](https://img.wattpad.com/cover/227032695-288-k626329.jpg)
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈