Unicode...
မီးဖိုခန်းထဲဝင်လာတဲ့သမီးလေးက Apron ကိုဆွဲကာ...
" မားမား ပါးကပြောတယ်..မားက သမီးထက်ပါးကိုပိုချစ်တာတဲ့ "
မီးဖိုမီးကိုပိတ်လိုက်ကာ သမီးလေးကိုပွေ့ချီလိုက်ပြီး...
" မားကသမီးကိုပိုချစ်တာပေါ့... "
" တကယ်လား "
" omm...တကယ်ပေါ့ "
" ပါးကိုပြောပေး "
" ပါးဘယ်မှာလဲ "
" အိပ်ခန်းထဲမှာ "
" ဒါဆို သွားရအောင် "
အိပ်ခန်းတံခါးကိုဖွင့်လိုက်တာနဲ့သမီးလေးက ကုတင်ပေါ်ပြေးတက်ကာ...
" ပါးပါး မားကသမီးကိုပိုချစ်တာတဲ့ "
" ကို ကလေးကိုဘာတွေသင်ပေးနေတာလဲ "
" ငယ်ကလည်း....ကိုယ်က "
" မရဘူး မားပြောပြီးပြီ..မားကသမီးကိုပါးထက်အများကြီးပိုချစ်တာတဲ့... "
လက်ဟန်ခြေဟန်နဲ့ချစ်ဖို့ကောင်းတဲ့သမီးလေးကသက်တန့်ငယ်ကိုမားမားလို့ပဲခေါ်တယ်...
" ပါးရှုုံးသွားပြီ...အဟီး အဟီး... "
အိပ်ယာထဲမှာလူးလှိမ့်နေတဲ့သမီးလေးမကြားအောင်ကမ္ဘာမြေကြီးကသက်တန့်ငယ်ခါးကိုဖက်ကာတိုးတိုးလေး...
" ငယ်က ကိုယ့်ကို ပိုချစ်တာနော် "
ကလေးနဲ့အပြိုင်လုနေတဲ့ကမ္ဘာမြေကတကယ်ကိုအရင်ကမ္ဘာမြေနဲ့မတူ...သက်တန့်ကိုနွေးနွေးထွေးထွေးပွေ့ဖက်ပေးသလိုမျိုးသမီးလေးကိုမွေးစားထဲကလည်းမိသားစုကိုနွေးနွေးထွေးထွေးပွေ့ဖက်ပေးတဲ့ကမ္ဘာမြေလိုချစ်သူမျိုးကတစ်ရာမှာတစ်ယောက်ပင်ရှိမယ်မထင်...
ပြုံးကာကမ္ဘာမြေ့လက်တွေကိုပြန်ကိုင်လာတဲ့သက်တန့်ငယ်ကအဖြေမပေး...
" ပါးပါး မားကိုဘာလို့ဖက်နေတာလဲ မားကသမီးအပိုင် "
" အံမယ် ဒီကောင်မလေးစကားတွေတတ်နေပါလား..လာ သမီးကိုလဲဖက်မယ်..ပါးတို့သုံးယောက်အတူတူဖက်တာပေါ့... "
ဝှီးခနဲပြေးလာတဲ့သမီးလေးကကမ္ဘာမြေ့ပေါင်ပေါ်ပြေးတက်ကာ...
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈