လေပြည်ညှင်း ကို ph ဆက်ကာ
"လေပြည် ငါ့ကိုတစ်ခုလောက်ကူညီလို့ရမလား Aa ငါလာခဲ့မယ် "
သေးငယ်တဲ့တိုက်ခန်းလေးရှေ့မှာမတ်တပ်ရပ်ကာ...
" လေပြည် ဒီနေရာသေချာလား "
လေပြည်ညှင်းက သူ့ရဲ့ဘောင်းဘီအိတ်ထဲက ph ကိုထုတ်လိုက်ကာ...
" ဟုတ်တယ်..ဒီမှာ ဒီနေရာလို့ရေးထားတာပဲ "
" အဆို..သွားမယ် "
အညိုရောင်သစ်သားတံခါးကိုခေါက်လိုက်တော့ ကောင်မလေးတစ်ယောက် လာဖွင့်တယ်..
" ကျတော်တို့ handmade အပ်ချင်လို့ပါ "
ထိုကောင်မလေးက ပြုံးကာ,
" ဝင်လာခဲ့ပါရှင် "
ရေနှစ်ခွက်ချပေးလာသောကောင်မလေးနဲ့အတူ ကမ္ဘာမြေ သူ့ sketch စာအုပ်ကိုထုတ်လိုက်တယ်..စာရွက်တချို့လှန်လှောကာ သူလေးရက်တောင်အချိန်ပေးဆွဲခဲ့ရသော ပုံလေးကိုပြလိုက်တယ်..ထို့နောက် အခြောက်ခံထားသောအဖြူရောင်ပန်းငယ်လေးတွေပါထိုကောင်မလေးလက်ထဲ ထည့်ပေးလိုက်တယ်..ပြောစရာရှိတာပြောပြီး handmade အပ်ကာ ကမ္ဘာမြေ နဲ့ လေပြည်ညှင်း အိမ်ပြန်လာခဲ့တယ်..
" ကမ္ဘာ မင်းရဲ့ပန်းပုံပြင်ကို ငါစိတ်ဝင်စားလာပြီ..မင်းလိုရေခဲတုံးကောင်က ပုံကိုသပ်သပ်ရပ်ရပ်သေချာဆွဲထားတဲ့အပြင် ပန်းတွေပါ ဂရုတစိုက် အခြောက်ခံထားတယ် ဆိုတော့..ငါ့ကိုပြော အဲ့ကောင်မလေးက ဘယ်သူလဲ "
" ကောင်မလေး မဟုတ်ဘူး "
" ဒါဖြင့် ကောင်လေး!! ကမ္ဘာမြေ မဟုတ်မှ မင်း gay နေတာလား "
မျက်လုံးပြူးကာ ခပ်ကျယ်ကျယ်မေးလာသော လေပြည်ညှင်းကို ကမ္ဘာမြေ ပုခုံးတွန့်ပြလိုက်သည်..လေပြည်ညှင်းကစပ်ဖြဲဖြဲလုပ်ကာ...
" ဟေ့..ကမ္ဘာမြေ အဲ့ကောင်လေးက ငါလို့တော့မပြောနဲ့နော် "
" အံမယ်...ဖြစ်စရာလား "
" စိတ်ချ..ငါ့သူငယ်ချင်း အခြောက်ရင့်မာကြီးဖြစ်သွားရင်တောင် ဟောဒီက လေပြည်ညှင်းဆိုတဲ့ လူချောလေးက မင်းဘက်ကပဲ "
" သူတောင်းစားကောင် "
သူတို့နှစ်ယောက် စကားတပြောပြောနဲ့ အိမ်ပြန်ခဲ့ကြတယ်..
YOU ARE READING
My Little symphony ( U + Z )
Romance🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈